Redmi Note 9 စီးရီးဟာ နိုင်ငံတကာဈေးကွက်အချို့မှာ ရောင်းချနေပြီဖြစ်ပေမယ့် မိခင်တရုတ်ပြည်ဈေးကွက်ကို မရောက်လာရသေးပါဘူး။

အကြောင်းရင်းတစ်ခုက ပြင်ပဈေးကွက်ထက် 5G ဟန်းဆက် ဝယ်လိုအားမြင့်မားတဲ့ တရုတ်ဈေးကွက်မှာ 5G ဗားရှင်းနဲ့ မိတ်ဆက်လာဖို့ဖြစ်ကြောင်း သတင်းထွက်နေခဲ့ပြီး ယနေ့မှာတော့ Redmi Note 9 5G ရဲ့ အချက်အလက်တွေ သတင်းစထွက်လာခဲ့ပါပြီ။

Weibo ပေါ်မှာထွက်လာတဲ့ Leak ထဲမှာတော့ ဟန်းဆက်ရဲ့နာမည်ကို တိုက်ရိုက်မဖော်ပြထားပေမယ့် အခြား Leak တစ်ခုမှာ တရုတ်ဈေးကွက်အတွက် Redmi Note 9 5G စီးရီးလို့ ဖော်ပြထားပါတယ်။

Redmi Note 9 5G ဟာ အရွယ်အစားမသိရသေးတဲ့ LCD Display ကို 120Hz Refresh Rate ပါဝင်မှာပါ။ အတွင်းမှာ Snapdragon 765G ချစ်ပ်ဆက်အသုံးပြုလာမှာဖြစ်ပြီး 5,000 mAh ဘက္ထရီနဲ့ 33W အားသွင်းစနစ်တို့ ပါဝင်မှာဖြစ်ပါတယ်။ အဓိကကင်မရာက 48MP လို့ဆိုပါတယ်။

လောလောဆယ် Redmi Note 9 5G ရဲ့ ထွက်ရှိရက်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဇူလိုင်လထဲမှာ ကြားရမယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ Specs တွေကိုကြည့်ရင် ယွမ် ၁၉၉၉ (မြန်မာငွေ သုံးသိန်းကိုးသောင်း) ကျသင့်တဲ့ Redmi K30i 5G ထက် ဈေးအနည်းငယ်ချိုသာမယ်လို့ ထင်ရပါတယ်။

Ref – GizmoChina