Redmi က Note 9 Pro နိုင်ငံတကာ ဗားရှင်းကို ကြေညာလိုက်ပြီး အိန္ဒိယမှာတော့ Note 9 Pro Max နာမည်နဲ့ မိတ်ဆက်ခဲ့တာပါ။ နိုင်ငံတကာဗားရှင်းဟာ အိန္ဒိယ ဗားရှင်းနဲ့ အများစု တူညီပြီး အနည်းငယ်ပဲ ကွာခြားပါတယ်။ Snapdragon 720G SoC မောင်းနှင်ထားပြီး microSD Card စိုက်နိုင်သလို Dual SIM ထောက်ပံ့ပါတယ်။ ၆.၆၇ လက်မ FHD+ IPS မျက်နှာပြင် ပါလာပြီး 60Hz Refresh Rate ထောက်ပံ့ပါတယ်။ မျက်နှာပြင်အထက် အလယ်နားက Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အိန္ဒိယ မော်ဒယ်မှာ 32MP ဆဲလ်ဖီး ကင်မရာ ထည့်ထားတာပါ။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးထည့်ထားပါတယ်။  NFC, IR Blaster နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ပါလာပြီး အရွယ်ကြီး 5,020mAh ဘက်ထရီ ထည့်ထားပါတယ်။ 30W Fast Charging ပါတဲ့အတွက် အားသွင်းနှုန်းက မြန်ပြီး Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။

Redmi က Realistic Vibration Engine ထည့်ထားတယ်လို့ ပြောပြီး တုန်ခါတဲ့ Pattern ပေါင်း ၁၅၀ ပါတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖုန်း ဝင်တာ၊ စာ ဝင်တာနဲ့ App Notification တွေအတွက် မတူညီတဲ့ Vibration တွေ ပံ့ပိုးပေးတဲ့အတွက် ခွဲခြား သိနိုင်ပါတယ်။ Tropical Green, Interstellar Grey နဲ့ Glacier White ၃ ရောင်ထုတ်လုပ်ထားပြီး 6/64GB ကို ၂၆၉ ဒေါ်လာနဲ့ 6/128GB ကို ၂၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၇ သောင်းနဲ့ ၄ သိန်း ၂ သောင်းလောက် အသီးသီး ရှိပြီး မေလလယ်မှာ စတင် ရောင်းချပေးမှာပါ။

Ref : gizchina