လူအများ စောင့်မျှော်နေကြတဲ့ Redmi Note 9 ကို Xiaomi က အွန်လိုင်းကနေ တရားဝင် ကြေညာလိုက်ပြီး အဲဒီဖုန်းဟာ Redmi Note 8 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇိုင်း အသစ်၊ Processor အသစ်တွေ သုံးထားပါတယ်။ Redmi Note 9 မှာ ၆.၅၃ လက်မ FHD+ မျက်နှာပြင် ပါလာပြီး ဘယ်ဘက်အထက်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး ရေစက်ရေပေါက် ခံနိုင်တဲ့ Coating အလွှာပါပါတယ်။

Octa-core Helio G85 Chipset အသစ်မောင်းနှင်ထားပြီး 3GB or 4GB RAM နဲ့ 64GB or 128GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide Angle , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံးပါပါတယ်။ အရှေ့ဘက်မှာ 13MP ကင်မရာ ထည့်ထားပြီး Face Unlock ထောက်ပံ့ပါတယ်။ အရှေ့နဲ့ အနောက် ကင်မရာတွေမှာ Kaleidoscope Effect, Document Scanner, Night Mode နဲ့ Portrait Mode အပါအဝင် အလန်းစား ကင်မရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။

အရွယ်ကြီး 5,020mAh ဘက်ထရီ ပါလာပြီး 18W Fast Charging ထောက်ပံ့တဲ့အတွက် ဘက်ထရီ သက်တမ်း လန်းသလို အားသွင်းရင်လည်း မြန်မှာပါ။ ဒါပေမယ့် ဘူးထဲမှာ 22.5W Fast Charger ထည့်ထားပါတယ်။ နားကြပ်ပေါက်၊ NFC ၊ IR Blaster နဲ့ အနောက်ဘက် လက်ဗွေရာ ကိရိယာ ပါပါတယ်။

3/64GB ကို ၁၉၉ ဒေါ်လာနဲ့ 4/128GB ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၄ သောင်းလောက်ပဲရှိပါတယ်။ Forest Green , Polar White နဲ့ Midnight Grey ၃ ရောင် ထုတ်လုပ်ထားပြီး ဒီလလယ်မှာ ရောင်းမှာပါ။

Ref : gizmochina