Xiaomi ဟာ Redmi Note 9 Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့လပိုင်းထဲက မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ Redmi Note 9 Series နဲ့ပဲ စမတ်ဖုန်းအသစ် ၃ မျိုးကို မိတ်ဆက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ Redmi Note 9 Series အသစ် ၃ မျိုးဟာ တရုတ်နိုင်ငံစျေးကွက်မှာပဲ ရောင်းချသွားမှာဖြစ်ပြီး လက်ရှိထွက်ရှိထားပြီးသားဖြစ်တဲ့ Redmi Note 9 ၅ မျိုးနဲ့ တူညီမှာမဟုတ်ပါဘူး။ လောလောဆယ်မှာလည်း Redmi Note 9 High Edition နာမည်နဲ့ စမတ်ဖုန်းရဲ့ အချက်အလက်တွေပေါက်ကြားလာခဲ့ပါပြီ။

Redmi Note 9 High Edition ဟာ Xiaomi ကနေ ပြီးခဲ့လတုန်းက မိတ်ဆက်ခဲ့တဲ့ Mi 10T Lite စမတ်ဖုန်းကိုပဲ နာမည်ပြောင်းလဲထားမှာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နာမည်ကြီး Chinse Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Redmi Note 8 High Edition စမတ်ဖုန်းဟာ 6.67″ Full HD+ Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာလည်း Qualcomm Snapdragon 750G Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ Samsung HM2 108MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီး Selfie Camera အနေနဲ့ကတော့ 16MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 33W Fast Charging ပါဝင်တဲ့ 4820mAh Battery ကို ထည့်သွင်းထားမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Redmi Note 9 High Edition ကို ဘယ်လောက်နဲ့ ရောင်းချသွားမလဲဆိုတာ မသိရသေးပေမယ့် Redmi Note Series ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Redmi K30 Series ဖုန်းတွေထက်တောင် သက်သာလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China