ကြိုတင်ကြေညာထားတဲ့အတိုင်း Xiaomi ရဲ့ Redmi Note 9S ဖုန်းမိတ်ဆက်ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ အများက မျှော်လင့်ထားသလို ဒီဖုန်းဟာ မကြာခင်သေးကမှ မိတ်ဆက်ပြီးသား Redmi Note 9 Pro ရဲ့ နိုင်ငံတကာဗားရှင်းဖြစ်ပေမယ့် သူ့တန်ဖိုးနဲ့တော့ ကောင်းမွန်တဲ့ဖုန်းတစ်လုံးပါပဲ။

Redmi Note 9S ဖုန်းသစ်မှာ 6.67” လက်မ IPS LCD Display ပါဝင်ပြီး 1080 x 2400p Resolution ကို မြင်ကွင်းအချိုး 20:9 နဲ့ဖြစ်ပါတယ်။ ဒီဖုန်းဟာ သူ့စီးရီးထဲမှာတော့ ပထမဆုံး Punch-hole ဆယ်လ်ဖီအသုံးပြုလာတဲ့ ဟန်းဆက်ဖြစ်ပြီး Xiaomi ကတော့ TinyDotDisplay လို့ခေါ်ဝေါ်ပါတယ်။ ဖုန်းရဲ့ရှေ့ Screen နဲ့နောက်ကျောနှစ်ခုလုံးကို Gorilla Glass 5 အသုံးပြုကာကွယ်ထားပါတယ်။

အတွင်းမှာတော့ Snapdragon 720G ချစ်ပ်ဆက်ကို 4GB / 6GB RAM နဲ့တွဲဖက်အသုံးပြုနိုင်မှာဖြစ်ကာ Storage ကလည်း 64GB / 128GB ဆိုပြီး နှစ်မျိုးရရှိမှာပါ။ MicroSD Slot လည်း ပါဝင်ပါတယ်။ 3.5mm Audio Jack လည်း ဆက်လက်ပါဝင်ထားပါတယ်။

နောက်ဘက်က လေးထောင့်ပုံသဏ္ဍာန် ကင်မရာ Module ထဲမှာတော့ ကင်မရာလေးလုံးပါဝင်ပြီး 48MP f/1.8 အဓိက Sensor ကို 8MP f/2.2 Ultrawide ယူနစ်နဲ့ 5MP Macro Lens တို့ဖြင့် တွဲဖက်ထားပါတယ်။ နောက်ဆုံးတစ်ခုက 2MP Depth Sensor ပါ။ ရှေ့ဘက်မှာတော့ 16MP f/2.5 ကင်မရာပါဝင်ပြီး 120fps Slo-mo ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

5,020 mAh ရှိတဲ့ ဘက္ထရီကတော့ သူ့ရဲ့အားသာချက်တွေထဲကတစ်ခုဖြစ်ပြီး 22.5W အားသွင်းစနစ်နဲ့ အားဖြည့်ထားပါတယ်။ Fingerprint ကိုတော့ နောက်ကျောအစား ဘေးဘက်သို့ ရွှေ့ထားလိုက်ပါတယ်။

ဒီဖုန်းဟာ မလေးဈေးကွက်မှာတော့ 4/64GB အခြေခံဗားရှင်းကို မလေးငွေ ၇၉၉ (မြန်မာငွေနှစ်သိန်းခွဲ) သတ်မှတ်ထားပြီး အမြင့်ဆုံး 6/128GB မော်ဒယ်ကို မလေးရင်းဂစ် ၈၉၉ (မြန်မာငွေ နှစ်သိန်းကိုးသောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ကိုလိုက်ပြီး အနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်။ Redmi Note 9S ဖုန်းဟာ Aurora Blue, Glacier White နဲ့ Interstellar Grey အရောင်သုံးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပြီး ဧပြီလ ၇ ရက်နေ့မှာ ဈေးကွက်ထဲ တင်ပို့လာတော့မှာပါ။

Ref – GSM Arena