ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Xiaomi ကနေ Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းတွေအတွက် Android 11 Stable Update ကို ထုတ်ပေးခဲ့သလို မကြာသေးခင်တုန်းကလည်း Redmi K30 Pro Zoom Edition အတွက် Android 11 Stable Update ကိုထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Android 11 Update တွေဟာ တရုတ်နိုင်ငံမှာပဲရရှိနေသေးတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ Indian စျေးကွက်အတွက် Redmi Note 9 Pro သို့မဟုတ် Global စျေးကွက်မှာ Redmi Note 9S နာမည်နဲ့ ရောင်းချနေတဲ့စမတ်ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ MIUI 12 Stable Update ကို ထုတ်ပေးလိုက်ပါပြီ။ ဒါက Xiaomi ဖုန်းတွေထဲမှာ Global Version အနေနဲ့ အစောဆုံး Android 11 Stable Update ကို ရရှိလာတာလည်းဖြစ်ပါတယ်။

အဆိုပါ India Version Redmi Note 9 Pro နဲ့ Global Version Redmi Note 9S အတွက် MIUI 12 Stable Update ဟာ Build Number အနေနဲ့ V12.0.1.0.RJWINXM ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး File Size အနေနဲ့ 2.3GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ MIUI 12 ဖြစ်တဲ့အတွက် Feature ပိုင်းတော့ သိသိသာသာပြောင်းလဲသွားမှာမဟုတ်ပေမယ့် Chat Bubble ၊ Notification အပါအဝင် Privacy နဲ့ Security ပိုင်းတွေပါ Update ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Redmi Note 9 Pro အသုံးပြုတွေအနေနဲ့ပဲ လောလောဆယ်မှာ OTA Update အနေနဲ့ Download ပြုလုပ်နိုင်မှာဖြစ်ပြီးတော့ Redmi Note 9S အသုံးပြုသူတွေအတွက်ကတော့ Manual အနေနဲ့ Firmware File ကို Flash ရမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Redmi Note 9S အသုံးပြုသူတွေအနေနဲ့ OTA Update ရရှိဖို့ကတော့ အချိန်ထပ်မံစောင့်ဆိုင်းရဖွယ်ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ အခုလိုမျိုး Mid Range ဖုန်းတွေဖြစ်တဲ့ Redmi Note 9 Series ဖုန်းတွေကို စတင်ပြီး Android 11 Update ပေးနေပြီဖြစ်တဲ့အတွက် မကြာခင်မှာ တခြားသောစမတ်ဖုန်းတွေလည်း ရရှိလာဖို့များနေပါပြီ။ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာလည်း တရုတ်နိုင်ငံမှာ Redmi Note 9 5G Series အသစ်ကို ထပ်မံမိတ်ဆက်သွားဦးမှာပါ။

Ref – GSM Arena