Xiaomi က Mi Max Series မျိုးဆက် ၃ ခု ထုတ်လုပ်ပြီးနောက်မှာ ဆက်မထုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုတော့ Redmi Note 9 Pro Max ကို ကြေညာလိုက်ပြီး  Mi Max Series လို အရွယ်အစား ကြီးမားတဲ့ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ၆.၆၇ လက်မ FHD+ LCD မျက်နှာပြင် ဖြစ်ပြီး အနောက်ကင်မရာ ၄ လုံးနဲ့ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။

8nm Qualcomm Snapdragon 720G Chipset မောင်းနှင်ထားပြီး 6GB or 8GB RAM နဲ့ 128GB Storage တွေ ထည့်ထားပါတယ်။ အနောက်ကင်မရာ ၄ လုံးကို စတုရန်းပုံစံကွက်ထဲမှာ အထိုင်ချထားပြီး ကင်မရာတွေရဲ့ အောက်မှာ LED Flash တပ်ဆင်ထားပါတယ်။ အနောက် ပင်မ ကင်မရာက 64MP ဖြစ်ပြီး 8MP Ultrawide ကို ပင်မ ကင်မရာရဲ့အောက်မှာ ထည့်သွင်းထားပါတယ်။ သူ့အောက်မှာ 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်သွင်းထားပြီး RAW Photography နဲ့ အဆင့်မြှင့်ထားတဲ့ Night Mode ပါလာပါတယ်။

32MP အရှေ့ကင်မရာကို မျက်နှာပြင်မှာ ထည့်သွင်းထားပြီး Redmi Note Series တွေထဲမှာ Resolution အမြင့်ဆုံး ဖြစ်ပါတယ်။ 33W Fast Charging ပါတဲ့ 5,020mAh ဘက်ထရီ ပါတဲ့အတွက် အားသွင်းနှုန်းနဲ့ ဘက်ထရီ သက်တမ်းက အရမ်းလန်းပါတယ်။ အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားတဲ့အတွက် အကြမ်းခံပြီး Aurora Blue, Glacier White နဲ့ Interstellar Black အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

၂၅ ရက်နေ့မှာ Redmi Note 9 Pro Max ကို အိန္ဒိယမှာ ရောင်းချပေးမှာ ဖြစ်ပြီး 6/64GB , 6/128GB နဲ့ 8/128GB တွေ ရွေးချယ်နိုင်ပါတယ်။ ၁၄,၉၉၉ ၊ ၁၆,၉၉၉ နဲ့ ၁၈,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၈ သောင်း၊ ၃ သိန်း ၂ သောင်းနဲ့ ၃ သိန်း ၅ သောင်းလောက် ရှိပါတယ်။

Ref : gsmarena