Redmi က မတ်လက အိန္ဒိယမှာ Note 9 Pro နဲ့ Note 9 Pro Max ကို ကြေညာခဲ့ပါတယ်။ Note 9 Pro ကို မတ်လ ၁၇ ရက်နေ့မှာ ရောင်းခဲ့ပေမယ့် Max Version ကို ကိုရိုနာဗိုင်းရက်စ် Lockdown ကြောင့် မရောင်းပေးခဲ့ပါဘူး။ အခုတော့ Redmi က Max ကို အိန္ဒိယမှာ မေလ ၁၂ ရက်နေ့ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။

အိန္ဒိယ အစိုးရက Lockdown ကန့်သတ်ချက်တွေ ဖြေလျှော့ပေးပြီးနောက်မှာ စားသောက်ကုန် မဟုတ်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းလို့ရလာတဲ့အတွက်  Redmi က ဒီလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ Redmi Note 9 Pro Max အတွက် 6/64GB , 6/128GB နဲ့ 8/128GB ထုတ်လုပ်ထားပြီး ၁၆,၄၉၉ ၊ ၁၇,၉၉၉ နဲ့ ၁၉,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၊ ၃ သိန်း ၃ သောင်းနဲ့ ၃ သိန်း ၇ သောင်း အသီးသီး ကျသင့်ပါတယ်။

Snapdragon 720G SoC မောင်းနှင်ထားပြီး Android 10 အခြေပြု MIUI 11 ပါပါတယ်။ ၆.၆၇ လက်မ FullHD+ မျက်နှာပြင်နဲ့ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေနဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ 33W Fast Charging ပါတဲ့ 5,020mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Ref : gsmarena