Redmi Note 9 Pro Series တွေကို အိန္ဒိယမှာ မတ်လက ကြေညာခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် အများအပြား မရောင်းချပေးခဲ့ပါဘူး။ အခုတော့ Redmi က Note 9 Pro ကို ဒီလ ၅ ရက်နေ့မှာ ပြန်လည် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒေသတွင်း စံတော်ချိန် နေ့လည် ၁၂ နာရီကစပြီး Mi.com နဲ့ Amazon India တို့ကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Redmi Note 9 Pro အတွက် Aurora Blue, Glacier White နဲ့ Interstellar Black အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB နဲ့ 6/128GB မော်ဒယ် ၂ ခု ရွေးချယ်နိုင်ပါတယ်။ အိန္ဒိယမှာ ၁၃,၉၉၉ ရူပီးနဲ့ ၁၆,၉၉၀ ရူပီး အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၆ သောင်းနဲ့  ၃ သိန်း ၂ သောင်းလောက်ရှိပါတယ်။  Redmi Note 9 Pro Max ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max ကို Xiaomi က အိန္ဒိယမှာ မကြာခင်က ကြေညာခဲ့ပြီး  ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က ကင်မရာနဲ့ အားသွင်းနှုန်းတွေ ဖြစ်ပါတယ်။ Redmi Note 9 Pro မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး Max မှာ ၂ ဆပိုများတဲ့ 32MP ထည့်ထားပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်က Punch Hole မှာ ကင်မရာ တပ်ဆင်ထားတာပါ။  Note 9 Pro ရဲ့ အနောက်ဘက် ပင်မ ကင်မရာက 48MP ဖြစ်ပြီး Max မှာ 64MP နဲ့ အဆင့်မြှင့်ထားပါတယ်။ ကျန်တဲ့ အနောက်ကင်မရာ ၃ လုံးက တူညီပြီး 8MP Ultrawide , 5MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။

ဖုန်း ၂ လုံးမှာ တူညီတဲ့ 5,020mAh ဘက်ထရီ တပ်ဆင်ထားပြီး Redmi Note 9 Pro မှာ 18W နဲ့ Max မှာ 33W Fast Charging တွေ ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေက တူညီကြပါတယ်။ Redmi Note 9 Pro မှာ ၆.၆၇ လက်မ LCD FHD+ မျက်နှာပြင်တပ်ဆင်ထားပြီး 20:9 Aspect Ratio ဖြစ်တဲ့အတွက် မျက်နှာပြင်ရှည်လျားပါတယ်။  8nm Snapdragon 720G SoC  မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ ရေစက်ရေပေါက် ခံနိုင်တဲ့ ကိုယ်ထည် တပ်ဆင်ထားပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။

Ref : gsmarena