Redmi Note 9 မိသားစုဝင် ဟန်းဆက်တွေအားလုံးနီးပါး မိတ်ဆက်လာခဲ့ပြီးတဲ့နောက်တော့ ရိုးရိုး Vanilla ဗားရှင်း Redmi Note 9 ကိုယ်တိုင်လည်း တရားဝင်ထွက်လာဖို့ အချိန်ကျလာပါပြီ။ ယခုအခါ ဒီဖုန်းဟာ တရုတ်ပြည်တွင်း TENAA နဲ့ 3C ဝက်ဆိုက်တွေပေါ် ရောက်လာတဲ့အတွက် ထွက်ရှိရက်မဝေးတော့ဘူးလို့ ယူဆရပါတယ်။

TENAA ဝက်ဆိုက်ပေါ်မှာ ထုံးစံအတိုင်း စမတ်ဖုန်းရဲ့ ဒီဇိုင်းနဲ့အတူ Specs အချို့ကိုပါ ဖော်ပြလာပါတယ်။ သူ့ဒီဇိုင်းက ကျန်တဲ့ Redmi Note 9 ဟန်းဆက်တွေနဲ့ သိပ်မကွာဘဲ နောက်ဘက်မှာ Quad-camera အတွဲကို မြင်ရမှာပါ။

Redmi Note 9 ရဲ့ Display က 6.43” IPS LCD အမျိုးအစားဖြစ်ပြီး ဘက္ထရီက 4,920 mAh လို့ဖော်ပြထားတယ်။ အခြားဗားရှင်းတွေလို Fingerprint က ဘေးဘက်မှာ မဟုတ်ဘဲ နောက်ဘက်မှာပဲ သမာရိုးကျအတိုင်း ထည့်ထားပါတယ်။ ရှေ့ဘက်မှာလည်း Punch-hole ကို အလည်တည့်တည့်အစား ဘယ်ဘက်ကိုရွှေ့ထားတာ တွေ့ရတယ်။

ကင်မရာ Setup ကတော့ အဓိက 48MP ကင်မရာနဲ့ 13MP ဆဲလ်ဖီကင်မရာတို့ ပါဝင်ပေမယ့် ကျန်တဲ့ Sensor တွေကိုတော့ မသိရသေးပါဘူး။ ချစ်ပ်ဆက်ကိုလည်း အတိအကျမသိရပေမယ့် MediaTek Helio 80 ချစ်ပ်ဆက်တစ်ခု ဖြစ်မယ်လို့ ယူဆရပါတယ်။ မန်မိုရီက ရွေးစရာအတော်လေးများပြီး 3/4/6GB RAM နဲ့ 32/64/128GB Storage ဆိုပြီး ကွဲပြားပါတယ်။

လက်ရှိအချိန်မှာ Redmi Note 9 နဲ့ပတ်သက်ပြီး ဒီလောက်ပဲသိရသေးပေမယ့် TENAA နဲ့ 3C အတည်ပြုချက်တွေ ရယူခဲ့တာကြောင့် မကြာခင် တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်လာမယ့်ပုံရှိတာကြောင့် လာမယ့်ရက်တွေမှာ သူ့ရဲ့ Feature တွေကို ထပ်မြင်တွေ့ရဦးမှာပါ။

Ref – GSM Arena