ပြီးခဲ့တဲ့အပတ်က TENAA ပေါ်မှာ Xiaomi ဖုန်းတစ်လုံးကို မော်ဒယ်နံပါတ် M2003J15SC နဲ့တွေ့ခဲ့ရပြီး သူ့ကို Redmi Note 9 အဖြစ် မိတ်ဆက်လာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖုန်းဟာ မိခင်တရုတ်ဈေးကွက်မှာတော့ အခြားနာမည်တစ်ခုနဲ့ ထွက်လာမှာဖြစ်ပါတယ်။

အဆိုပါစမတ်ဖုန်းဟာ China Telecom ရဲ့ဒေတာထဲကို Redmi 10X ဆိုတဲ့အမည်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ သူ့မှာ Mediatek Helio G85 ချစ်ပ်ဆက်ကိုတွေ့ရပြီး 6GB RAM / 128GB Storage မန်မိုရီတွေနဲ့ တွဲဖက်ထားပါတယ်။

China Telecom ရဲ့စာရင်းမှာ TENAA ထက်တော့ အချက်အလက်ပိုစုံလင်တာကိုလည်း တွေ့ခဲ့ရပြီး Redmi 10X ဖုန်းဟာ Android 10 အခြေခံ MIUI 11 နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ USB-C 2.0 ကိုအသုံးပြုထားပြီး MicroSD ကတ်နဲ့ 512GB ထိ ထပ်တိုးနိုင်ပါတယ်။

Redmi 10X ရဲ့ ဈေးနှုန်းကိုလည်း တစ်ခါတည်းဖော်ပြလာခဲ့ပြီး 6/128GB မော်ဒယ်ဟာ တရုတ်ယွမ်ငွေ ၁၄၉၉ (မြန်မာငွေ သုံးသိန်းဝန်းကျင်) သာရှိပါတယ်။ မိတ်ဆက်မယ့်ရက်ကိုမသိရသေးပေမယ့် ထွက်ရှိချိန်မှာ Sky Blue, Pine Morning Green, Ice Fog White ဆိုပြီး အရောင်သုံးမျိုးထွက်လာမှာပါ။

Ref – GSM Arena