Xiaomi Redmi Note 9 ဟာ မကြာခင်မှာတရားဝင်မိတ်ဆက်တော့မှာဖြစ်သလို အခုအချိန်မှာလည်း သတင်းတွေဆက်တိုက်ကိုပေါက်ကြားနေပြီဖြစ်ပါတယ်။ ယခင်တုန်းက Redmi Note 9 ဖုန်းမှာ MediaTek Helio G70 နဲ့ Redmi Note 9 Pro မှာ Snapdragon 720G Chipset တွေအသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းအရ အပြောင်းအလဲရှိနိုင်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Redmi Note 9 ရဲ့ MediaTek Processor Codename ဖြစ်တဲ့ MT6769V/CZ ဟာ အစောပိုင်းတုန်းက Helio G70 လို့ယူဆထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ MediaTek ကနေ မမိတ်ဆက်ရသေးတဲ့ Helio P75 Chipset အသစ်ဖြစ်နေတာကြောင့်ပါ။ အခုလိုမျိုး G Series အစား P Series Chipset ဖြစ်သွားတဲ့အတွက် Redmi Note 9 က Gaming ပိုင်းတွေမှာ စွမ်းဆောင်ရည်ကောင်းပါ့မလားဆိုတာကလည်း တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အခုသတင်းကို Xiaomi နဲ့ ပတ်သက်တဲ့သတင်းတွေကို ဖော်ပြနေကြ Xiaomishka Twitter Account ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် MediaTek Helio P75 ရဲ့ Geekbench Benchmark တွေအရတော့ Single-Core Score 1649 Marks နဲ့ Multi-Core Score 5646 Marks အသီးသီးရရှိထားတဲ့အတွက် ယခင် Qualcomm Snapdragon 665 လိုမျိုး Chipset ထက် စွမ်းဆောင်ရည်ကောင်းမှာဖြစ်ပေမယ့် တခြားသော Helio G70 နဲ့ G80 လိုမျိုး Gaming Chipset တွေကိုမှီပါ့မလားဆိုတာကတော့ မသေချာသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ Redmi Note 9 နဲ့ Redmi Note 9 Pro ဖုန်းတွေအပြင် နောက်ထပ် Redmi Note 9 Pro Max ဆိုပြီး ဖုန်းသစ်တစ်ခုကိုပါ ထပ်မံမိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China