Xiaomi က Redmi Note 9 Series တွေကို ၁၂ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာပါ။ Redmi Note 9 Pro မှာ Snapdragon 720G Chipset မောင်းနှင်ထားနိုင်ပါတယ်။ အခုတော့ ရိုးရိုး Redmi Note 9 မှာ MediaTek Helio G70 Chipset ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ Geekbench မှာ ရိုးရိုး မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ရမှတ်ဟာ Pro မော်ဒယ်လောက် မများပါဘူး။

ဖုန်း ၂ လုံးစလုံးမှာ အရွယ်ကြီး Cores ၂ လုံးစီ ပါလာပေမယ့် Snapdragon မှာ A75 အစား Cortex-A76 ကို သုံးထားပါတယ်။ ထူးခြားတာက Redmi Note 9 မှာ 6GB RAM နဲ့ Pro မှာ 4/64GB နဲ့ 6/128GB မော်ဒယ်တွေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Chipset က လွဲပြီး Redmi Note 9 Series တွေရဲ့ တခြား Specifications တွေကို မသိရသေးပါဘူး။

Snapdragon 720G ဟာ Redmi Note 8 Pro မှာ ပါတဲ့ Helio G90T ထက် ပိုမြန်ပြီး Helio G70 ကတော့ Helio G90T လောက် မမြန်ပါဘူး။ Helio G70 ပါတဲ့  အရွယ်သေး Redmi 9 ကိုလည်း မကြာခင် ကြေညာနိုင်ပါတယ်။ အဲဒီ Chips ၂ ခုကို မကြာခင်က ကြေညာခဲ့တဲ့ Realme 6 Pro(720G) နဲ့ Realme C3(G70) တို့မှာ ထည့်သွင်းထားကြပါတယ်။ Redmi Note 9 Series တွေဟာ အဲဒီ ဖုန်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။

Ref : gsmarena