[Zawgyi]

Redmi Note 8 Series တွေကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပါပြီ။




Redmi Note 8 ဈေးနှုန်းများ

Redmi Note 8 Pro ဈေးနှုန်းများ

[Unicode]

မြန်မာငွေ ၂သိန်း ဝန်းကျင်ကနေ စတင်ကျသင့်မယ့် Redmi Note 8 Series ကို မိတ်ဆက်

Redmi Note 8 Series တွေကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်သွားပါြပီ။

Redmi Note 8 မှာ Snapdragon 665 SoC, 6.3” FHD+ LCD Display နဲ့ 18W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4000mAh Battery တွေ ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာအပိုင်းမှာ 48MP (Samsung GM2) Main Camera ကို 8MP Ultra-wide Sensor + 2MP Depth Sensor + 2MP Macro Camera တွေနဲ့ Quad Camera Setup အဖြစ် တွဲဖက်တပ်ဆင်ထားပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာရှိတဲ့ Waterdrop Notch ထဲမှာတော့ 13MP Selfie Camera ပါဝင်မှာ ဖြစ်ပါတယ်။ Fingerprint Sensor ကို နောက်ကျောဘက်မှာ တင်ဆင်ပေးထားပြီး အကြမ်းခံဖို့အတွက် Gorilla Glass 5 ကို ရှေ့/နောက် ဖုံးအုပ်ပေးထားတယ်လို့ သိရပါတယ်။

Redmi Note 8 Pro မှာ အပူချိန်လျှော့ချပေးမယ့် Liquid Cooling နည်းပညာနဲ့အတူ Helio G90T SoC, 6.53” FHD+ LCD Display , 18W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4500mAh Battery တွေ ပါဝင်လာပါတယ်။ ကင်မရာအပိုင်းမှာ 64MP (Samsung GW1) Main Camera ကို 8MP Ultra-wide Sensor + 2MP Depth Sensor + 2MP Macro Camera တွေနဲ့ Quad Camera Setup အဖြစ် တွဲဖက်တပ်ဆင်ထားပါတယ်။ ရှေ့ဘက် မျက်နှာပြင်မှာရှိတဲ့ Waterdrop Notch ထဲမှာတော့ 20MP Selfie Camera ပါဝင်မှာ ဖြစ်ပါတယ်။

Fingerprint Sensor ကို ကျောက်ဘက် Camera Setup ရဲ့ အောက်မှာ တခါတည်း တွဲပြီး တပ်ဆင်ထားပါတယ်။ Pro မော်ဒယ်မှာလည်း အကြမ်းခံဖို့အတွက် Gorilla Glass 5 တွေကို ဖုံးအုပ်ထားမယ်လို့ ယူဆရပါတယ်။ Redmi အနေနဲ့ Pro မော်ဒယ်အတွက် တရုတ်ငွေ ၁၇၉ ယွမ် (မြန်မာငွေ ၃၈,၀၀၀ ကျပ် ဝန်းကျင်) တန်ကြေးရှိ Black Shark Gamepad နဲ့ World of Warcraft Edition စမတ်ဖုန်းတွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Edition စမတ်ဖုန်းကတော့ ထုတ်ပိုးမှုပုံစံနဲ့ Theme တွေလောက်ပဲ ပြောင်းလဲတယ်လို့ ယူဆရပါတယ်။

Redmi Note 8 စျေးနှုန်းများ
RAM 4GB / Storage 64GB – တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂၁၀,၀၀၀ ကျပ် ဝန်းကျင်)
RAM 6GB / Storage 64GB – တရုတ်ငွေ ၁၁၉၉ ယွမ် (မြန်မာငွေ ၂သိန်းခွဲ ဝန်းကျင်)
RAM 8GB / Storage 128GB – တရုတ်ငွေ ၁၃၉၉ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်)

Redmi Note 8 Pro စျေးနှုန်းများ
RAM 6GB / Storage 64GB – တရုတ်ငွေ ၁၃၉၉ ယွမ် (မြန်မာငွေ ၃သိန်း ဝန်းကျင်)
RAM 6GB / Storage 128GB – တရုတ်ငွေ ၁၅၉၉ ယွမ် (မြန်မာငွေ ၃၃၀,၀၀၀ ကျပ် ဝန်းကျင်)
RAM 8GB / Storage 128GB – တရုတ်ငွေ ၁၇၉၉ ယွမ် (မြန်မာငွေ ၃၈၀,၀၀၀ ကျပ် ဝန်းကျင်)