Xiaomi ဟာ ပထမဆုံး Redmi တက်ဘလက်ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ တက်ဘလက်ရဲ့ တရားဝင် နာမည်ကို မသိရသေးပေမယ့် မေလက တရုတ်မှာ ပြုလုပ်တဲ့ MIUI 13 စစ်တမ်းမှာ Redmi Pad 5G လို့ဖော်ပြထားပါတယ်။ ဒီလ အစောပိုင်းမှာ တရုတ်က 3C မှာ အဲဒီ တက်ဘလက်ကို မှတ်ပုံတင်ထားပြီး အခုတော့ ဝီဘိုမှာ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားလာပါတယ်။

Redmi Pad 5G live shot

Redmi Pad 5G ရဲ့ သတင်းအချက်အလက် များများစားစားကို လက်ရှိမှာ မသိရသေးပါဘူး။ သတ္တုကိုယ်ထည်နဲ့ ထွက်လာနိုင်ပြီး အနောက်ဘက်မှာ ကင်မရာ ၁ လုံးထဲ ပါလာမှာပါ။ အဲဒါဟာ ဒီနှစ် ဇွန်လက 3C နဲ့ CMIIT အာဏာပိုင်တွေမှာ မှတ်ပုံတင်ထားတဲ့ မော်ဒယ်နံပါတ် 22081281AC ပါတဲ့ Redmi တက်ဘလက် ဖြစ်နိုင်ပါတယ်။

Redmi Pad 5G rumor sounds too good to be true: 90Hz screen, 30W charging, 48MP rear camera - GSMArena.com news

CMIIT မှာ 5G နဲ့ WiFi 802.11ac ဆက်သွယ်မှုတွေ ပါလာမယ်လို့ အတည်ပြုထားပြီး 3C မှာတော့ 67W Charger ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။ 22081281AC ကို Redmi Pad 5G နာမည်နဲ့ ကြေညာမလားဆိုတာ မသိရသေးပါဘူး။

Xiaomiui က Redmi Pad 5G မှာ စွမ်းရည်နိမ့်တဲ့ MediaTek Chip ပါလာနိုင်တယ်လို့ ပြောပါတယ်။ ပိုမို စွမ်းရည်မြင့်တဲ့ Chipset ပါတဲ့ Pro Version ကို အနာဂတ်မှာ ကြေညာနိုင်ပါတယ်။ Xiaomiui က Redmi Pad 5G မှာ စွမ်းရည်နိမ့် Device တွေအတွက် ဖန်တီးထားတဲ့ MIUI Lite Software ပါလာနိုင်တယ်လို့ ပြောပါတယ်။

Xiaomi ဟာ တရုတ်ဈေးကွက်အတွက် တက်ဘလက် ၄ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ 22081281AC ( အတိုကောက် မော်ဒယ်နံပါတ် : L81A) ကို Redmi Pad 5G အနေနဲ့ ကြေညာနိုင်ပါတယ်။ တခြား Device ၃ လုံးရဲ့ အတိုကောက် မော်ဒယ်နံပါတ်တွေက L81, L82 နဲ့ L83 တို့ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်နံပါတ်တွေဟာ နောက်ထွက်မယ့် Xiaomi Pad Series တွေ ဖြစ်ပြီး Xiaomi Pad 6 , Xiaomi Pad 6 Pro နဲ့ Xiaomi Pad 6 Pro 5G တို့ ဖြစ်ပါတယ်။ Redmi Pad 5G ကို အိန္ဒိယမှာ မကြာခင် ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina