Xiaomi ကနေ Tablet Series ဖြစ်တဲ့ Mi Pad တွေကို ဆက်ပြီး မိတ်ဆက်ခြင်းမရှိတော့တာ အခုဆိုရင် ၂ နှစ်နီးပါးရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာတော့ Redmi Pad 5G ကို မိတ်ဆက်လာတော့မှာဖြစ်ပြီး အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အရမ်းကိုအားရဖို့ကောင်းနေပါတယ်။

Redmi Pad 5G ဟာ ပထဆုံးသော 5G Tablet တွေထဲကတစ်ခုဖြစ်တဲ့အတွက် Qualcomm ရဲ့ Snapdragon 765G Chipset ကို အသုံးပြုလာမှာဖြစ်သလို စျေးနှုန်းအနေနဲ့လည်း တရုတ်ယွမ်ငွေ ၁,၉၉၉ (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ကောင်းတဲ့ 5G Android Tablet တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရမှာပါ။

ဒါတင်မဟုတ်သေးဘဲ ထပ်မံထွက်ရှိလာတဲ့သတင်းတွေအရ Redmi Pad 5G မှာ 90Hz Display ကို အသုံးပြုလာမှာဖြစ်ပြီး Resolution အနေနဲ့ကတော့ Full HD+ ဖြစ်ဖို့များနေပါတယ်။ ဒါ့အပြင် 48MP Camera Setup နဲ့ 30W Fast Charging တွေကိုပါ Support ပြုလုပ်လာဦးမှာပါ။ Speaker တွေအနေနဲ့လည်း Quad Stereo Speakers တွေကိုထည့်သွင်းထားမယ်လို့ သိရပါတယ်။

ပေါက်ကြားလာတဲ့ဓါတ်ပုံအရလည်း Redmi Pad 5G ဟာ ဘေးဘောင်တွေသိသိသာသာကို ပါးလွှာနေတာကိုတွေ့ရပြီးတော့ အခုပုံစံအတိုင်းဆိုရင် Android Tablet တွေထဲမှာ အရွေးချယ်သင့်ဆုံး Tablet တစ်ခုဖြစ်လာဖို့များနေပါတယ်။ အဆိုပါ Redmi Pad 5G ကို Mi 10 Youth Edition ဖုန်းနဲ့အတူ လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပါ။

Ref – GSM Arena