[Zawgyi]

Xiaomi ရဲ႕ Redmi Pro ကို မွတ္မိၾကဦးမလား။ ၂၀၁၆ ဇူလိုင္ေလာက္က ထုတ္ခဲ့တာဆိုေတာ့ အေတာ္ေလးကို ၾကာေနပါၿပီ။ MT6797T Helio X25 နဲ႔ 4GB RAM တြဲထားၿပီး 4050mAh ဘက္ထရီနဲ႔ဆိုတာ အဲဒီအခ်ိန္တုန္းက အေတာ္ေလးကို လန္းခဲ့တာပါ။ အခုေတာ့ Redmi Pro ရဲ႕ ေနာက္ဆက္တြဲ ထြက္လာေတာ့မယ္လို႔ ယူဆရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အထင္ကရ Weibo မွာေတာ့ Redmi Pro 2 လို႔ ယူဆရတဲ့ Teaser အခ်ိဳ႕ကို ေတြ႕ျမင္ေနရပါတယ္။ အဓိက ရည္ၫႊန္းထားတာက Snapdragon 675 ျဖစ္ေနပါတယ္။ Teaser မွာပါဝင္တဲ့ စာသားေတြအနက္ Pro 2 ဆိုတာလည္း ျမင္ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက Xiaomi ဟာ 48MP အဓိကကင္မရာနဲ႔ စမတ္ဖုန္းအတြက္ လႈပ္ရွားေနၾကတယ္လို႔ သတင္းေဖာ္ျပခဲ့ဖူးပါတယ္။ ေကာလာဟလအခ်ိဳ႕ကေတာ့ Mi 9 ျဖစ္ႏိုင္တယ္လို႔ ဆိုၾကေပမယ့္ တကယ္တမ္း ေကာက္ခ်က္ခ်ၾကည့္ရင္ေတာ့ Redmi ပဲ ျဖစ္မယ္လို႔ ယူဆတာက ပိုၿပီးမွန္ကန္ႏိုင္တာကို ေတြ႕ရပါတယ္။

အခုေတာ့ တိုက္ဆိုင္တာလို႔ပဲ ေျပာရမလား၊ ဒါမွမဟုတ္ Xiaomi Fan ေတြကို ရင္ခုန္ေအာင္လုပ္ေနတာပဲလို႔ ေျပာရမလားမသိႏိုင္တဲ့ Teaser ေတြက အခ်ိန္ကိုက္ ထြက္ေပၚလာခဲ့ျပန္ပါၿပီ။ ဒါမွမဟုတ္ 48MP နဲ႔ Redmi အေၾကာင္းကို ေနာက္က်မွ Teaser လႊတ္တာလည္း ျဖစ္ႏိုင္ပါတယ္။

Teaser မွာက ေကာလာဟလထြက္ေနတဲ့ Punch-Hole အေၾကာင္းလည္း အရိပ္အေယာင္ေတာင္ မပါဘူး ျဖစ္ေနေတာ့ ပိုၿပီး အသည္းယားစရာ ျဖစ္ေနပါတယ္။ မူလပထမ Redmi Pro တုန္းကလည္း Xiaomi ရဲ႕ ပထမဆုံး Dual Camera ဆိုတဲ့ ဂုဏ္ပုဒ္ကို ထည့္သြင္းသြားခဲ့ေတာ့ ေနာက္ထြက္လာမယ့္ Redmi Pro 2 မွာလည္း ပထမဆုံး ဆိုတဲ့ ဂုဏ္ပုဒ္တစ္ခုခုကို ေတြ႕ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GAMarena

 

[Unicode]

Xiaomi ရဲ့ Redmi Pro ကို မှတ်မိကြဦးမလား။ ၂၀၁၆ ဇူလိုင်လောက်က ထုတ်ခဲ့တာဆိုတော့ အတော်လေးကို ကြာနေပါပြီ။ MT6797T Helio X25 နဲ့ 4GB RAM တွဲထားပြီး 4050mAh ဘက်ထရီနဲ့ဆိုတာ အဲဒီအချိန်တုန်းက အတော်လေးကို လန်းခဲ့တာပါ။ အခုတော့ Redmi Pro ရဲ့ နောက်ဆက်တွဲ ထွက်လာတော့မယ်လို့ ယူဆရပါတယ်။

တရုတ်နိုင်ငံရဲ့ အထင်ကရ Weibo မှာတော့ Redmi Pro 2 လို့ ယူဆရတဲ့ Teaser အချို့ကို တွေ့မြင်နေရပါတယ်။ အဓိက ရည်ညွှန်းထားတာက Snapdragon 675 ဖြစ်နေပါတယ်။ Teaser မှာပါဝင်တဲ့ စာသားတွေအနက် Pro 2 ဆိုတာလည်း မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Xiaomi ဟာ 48MP အဓိကကင်မရာနဲ့ စမတ်ဖုန်းအတွက် လှုပ်ရှားနေကြတယ်လို့ သတင်းဖော်ပြခဲ့ဖူးပါတယ်။ ကောလာဟလအချို့ကတော့ Mi 9 ဖြစ်နိုင်တယ်လို့ ဆိုကြပေမယ့် တကယ်တမ်း ကောက်ချက်ချကြည့်ရင်တော့ Redmi ပဲ ဖြစ်မယ်လို့ ယူဆတာက ပိုပြီးမှန်ကန်နိုင်တာကို တွေ့ရပါတယ်။

အခုတော့ တိုက်ဆိုင်တာလို့ပဲ ပြောရမလား၊ ဒါမှမဟုတ် Xiaomi Fan တွေကို ရင်ခုန်အောင်လုပ်နေတာပဲလို့ ပြောရမလားမသိနိုင်တဲ့ Teaser တွေက အချိန်ကိုက် ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဒါမှမဟုတ် 48MP နဲ့ Redmi အကြောင်းကို နောက်ကျမှ Teaser လွှတ်တာလည်း ဖြစ်နိုင်ပါတယ်။

Teaser မှာက ကောလာဟလထွက်နေတဲ့ Punch-hole အကြောင်းလည်း အရိပ်အယောင်တောင် မပါဘူး ဖြစ်နေတော့ ပိုပြီး အသည်းယားစရာ ဖြစ်နေပါတယ်။ မူလပထမ Redmi pro တုန်းကလည်း Xiaomi ရဲ့ ပထမဆုံး Dual Camera ဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်သွင်းသွားခဲ့တော့ နောက်ထွက်လာမယ့် Redmi Pro 2 မှာလည်း ပထမဆုံး ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုခုကို တွေ့မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GAMarena