[Zawgyi]

Redmi Pro 2 နဲ႔ပတ္သက္တဲ့ ပေဟဠိကေတာ့ အခုထိ အေျဖမေတြ႕ေသးဘူးလို႔ဆိုရမွာပါ။ ၿပီးခဲ့တဲ့ ဧၿပီလဆန္းပိုင္းတုန္းက Redmi အမွတ္တံဆိပ္ရဲ႕ အေထြေထြမန္ေနဂ်ာ Lu Weibing က Redmi Pro 2 ဟာ Snapdragon 855 နဲ႔ျဖစ္ေပမယ့္ အျပင္မွာထြက္ေနတဲ့ Render အတိုင္းေတာ့မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

Redmi Pro 2 ရဲ႕ Render ဟာ Pop-up ကင္မရာနဲ႔ ႐ုပ္ပုံျဖစ္ပါတယ္။ ဒီေတာ့ Lu Weibing ရဲ႕စကားအရ Pop-up နဲ႔ မဟုတ္ဘူးလို႔ ယူဆခဲ့ၾကတာပါ။ အခု ေမလလယ္ေလာက္ေရာက္ကာနီးမွာ ထပ္ၿပီးထြက္ေပၚလာတဲ့ေပါက္ၾကားမႈမွာ Redmi Pro 2 ကို Pop-up နဲ႔ ေနာက္တစ္ခါ ထပ္ၿပီးေတြ႕ျမင္ေနရျပန္ပါတယ္။ ဒါ့အျပင္ Specs အခ်ိဳ႕ကိုလည္း သိခြင့္ရခဲ့ပါတယ္။

ဖုန္းရဲ႕ဒီဇိုင္းပုံကေတာ့ Redmi Note 7 နဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဒါေပမယ့္ မ်က္ႏွာျပင္မွာ အျပစ္အနာအဆာ မရွိဘူးလို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ 20MP Selfie ကင္မရာကို Pop-up နဲ႔ သုံးထားတာေၾကာင့္ပါ။ မ်က္ႏွာျပင္ျပည့္ဆိုေပမယ့္ Chin ေတြကေတာ့ ေမွ်ာ္မွန္းထားသေလာက္ မက်ဥ္းေျမာင္းပါဘူး။ အထူးသျဖင့္ ထိပ္ပိုင္းမွာ ပိုၿပီးထူတဲ့အေနအထားကို ေတြ႕ျမင္ရတာပါ။

မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ 6.39-inch နဲ႔ျဖစ္ၿပီး FGD+ resolution နဲ႔ျဖစ္တယ္လို႔ သိရပါတယ္။ Gorilla Glass 5 ျဖစ္ၿပီး Built-in fingerprint sensor ပါဝင္တယ္လို႔လည္း သိရပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးကို ေတြ႕ျမင္ရၿပီး အဓိကကင္မရာဟာ 48MP sensor နဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။

ဘက္ထရီကေတာ့ 3,600mAh ပမာဏျဖစ္ၿပီး 27W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားတယ္လို႔ ဆိုပါတယ္။ အေရာင္ကေတာ့ Red, Blue နဲ႔ Black ဆိုၿပီး သုံးေရာင္ရွိမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ပေါက်ကြားမှုအရ Redmi Pro 2 ဟာ Pop-up ကင်မရာနဲ့ ထွက်ပေါ်လာဖွယ်ရှိ

Redmi Pro 2 နဲ့ပတ်သက်တဲ့ ပဟေဠိကတော့ အခုထိ အဖြေမတွေ့သေးဘူးလို့ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက Redmi အမှတ်တံဆိပ်ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Redmi Pro 2 ဟာ Snapdragon 855 နဲ့ဖြစ်ပေမယ့် အပြင်မှာထွက်နေတဲ့ Render အတိုင်းတော့မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

Redmi Pro 2 ရဲ့ Render ဟာ Pop-up ကင်မရာနဲ့ ရုပ်ပုံဖြစ်ပါတယ်။ ဒီတော့ Lu Weibing ရဲ့စကားအရ Pop-up နဲ့ မဟုတ်ဘူးလို့ ယူဆခဲ့ကြတာပါ။ အခု မေလလယ်လောက်ရောက်ကာနီးမှာ ထပ်ပြီးထွက်ပေါ်လာတဲ့ပေါက်ကြားမှုမှာ Redmi Pro 2 ကို Pop-up နဲ့ နောက်တစ်ခါ ထပ်ပြီးတွေ့မြင်နေရပြန်ပါတယ်။ ဒါ့အပြင် Specs အချို့ကိုလည်း သိခွင့်ရခဲ့ပါတယ်။

ဖုန်းရဲ့ဒီဇိုင်းပုံကတော့ Redmi Note 7 နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် မျက်နှာပြင်မှာ အပြစ်အနာအဆာ မရှိဘူးလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ 20MP Selfie ကင်မရာကို Pop-up နဲ့ သုံးထားတာကြောင့်ပါ။ မျက်နှာပြင်ပြည့်ဆိုပေမယ့် Chin တွေကတော့ မျှော်မှန်းထားသလောက် မကျဉ်းမြောင်းပါဘူး။ အထူးသဖြင့် ထိပ်ပိုင်းမှာ ပိုပြီးထူတဲ့အနေအထားကို တွေ့မြင်ရတာပါ။

မျက်နှာပြင်အရွယ်အစားကတော့ 6.39-inch နဲ့ဖြစ်ပြီး FGD+ resolution နဲ့ဖြစ်တယ်လို့ သိရပါတယ်။ Gorilla Glass 5 ဖြစ်ပြီး Built-in fingerprint sensor ပါဝင်တယ်လို့လည်း သိရပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးကို တွေ့မြင်ရပြီး အဓိကကင်မရာဟာ 48MP sensor နဲ့ ဖြစ်တယ်လို့ သိရပါတယ်။

ဘက်ထရီကတော့ 3,600mAh ပမာဏဖြစ်ပြီး 27W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ အရောင်ကတော့ Red, Blue နဲ့ Black ဆိုပြီး သုံးရောင်ရှိမယ်လို့ သိရပါတယ်။

Ref: GSMArena