[Zawgyi]

အခုဆိုရင္ Redmi ဟာ Entry-level နဲ႔ Mid-range ေတြသာမက Flagship ေစ်းကြက္ကိုပါ လႈပ္ကိုင္ႏိုင္ဖို႔ ျပင္ဆင္ေနၿပီလို႔ ယူဆရပါတယ္။ အေစာပိုင္းတုန္းက Snapdragon 855 SoC အသုံးျပဳ Redmi စမတ္ဖုန္း ထြက္ရွိလာမယ္လို႔ ေကာလဟလသတင္းေတြ ၾကားသိခဲ့ရေပမယ့္၊ ေနာက္ပိုင္းမွာေတာ့ Redmi ရဲ႕ Vice President ျဖစ္သူ Lu Weibing က သူတို႔အေနနဲ႔ Snapdragon 855 SoC ကို အသုံးျပဳထားမယ့္ Redmi Flagship စမတ္ဖုန္း ထုတ္လုပ္ဖို႔ရွိေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါ စမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ တျခားေသာ အေၾကာင္းအရာေတြကိုေတာ့ Redmi ဘက္က ထုတ္ေဖာ္ေျပာၾကားျခင္း မရွိခဲ့ပါဘူး။

ဒီေန႔မွာေတာ့ Redmi Pro 2 အမည္ရွိ စမတ္ဖုန္း တစ္လုံးဟာ Weibo ကေန တစ္ဆင့္ ေပၚထြက္လာခဲ့ပါတယ္။ ေပၚထြက္ခဲ့တဲ့ ဓာတ္ပုံအရဆိုရင္ Redmi Pro 2 မွာ Selfie Camera အတြက္ Notch နဲ႔ Punch-hole ေတြ ပါဝင္မွာ မဟုတ္ဘဲ Pop-up ကိုသာ အသုံးျပဳထားႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ စမတ္ဖုန္းရဲ႕ ဒီဇိုင္းဟာ မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့ Xiaomi CEO ျဖစ္သူ Lei Jun ရဲ႕ ေရွ႕က ဖုန္းတစ္လုံးရဲ႕ ပုံစံနဲ႔လည္း သြားတူေနတယ္လို႔ ေဖာ္ျပထားပါေသးတယ္။

The Red phone with no-notch/no-hole

ေနာက္ေက်ာဘက္မွာေတာ့ Redmi အမွတ္တံဆိပ္နဲ႔အတူ Triple Camera Setup တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ Fingerprint Sensor တပ္ဆင္ထားတာ မေတြ႕ရတဲ့အတြက္ In-display Fingerprint Sensor ကို အသုံးျပဳလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ တ႐ုတ္စာေတြနဲ႔အတူ ေဖာ္ျပထားတဲ့ 855 က Snapdragon 855 ကို ရည္ၫႊန္းေျပာဆိုထားတာ ျဖစ္ႏိုင္ၿပီး 4800 ကေတာ့ 48MP Camera Sensor တပ္ဆင္ထားကို ဆိုလိုတာ ျဖစ္ႏိုင္ပါတယ္။ ကြၽမ္းက်င္ပညာရွင္ တခ်ိဴ႕ကေတာ့ အဆိုပါ စမတ္ဖုန္းကို ဒုတိယႏွစ္ဝက္ေလာက္မွသာ ျမင္ေတြ႕ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Redmi Pro 2 မှာ Snapdragon 855 နဲ့ Pop-up Selfie Camera တွေ ပါဝင်လာဖွယ်ရှိ

အခုဆိုရင် Redmi ဟာ Entry-level နဲ့ Mid-range တွေသာမက Flagship စျေးကွက်ကိုပါ လှုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။ အစောပိုင်းတုန်းက Snapdragon 855 SoC အသုံးပြု Redmi စမတ်ဖုန်း ထွက်ရှိလာမယ်လို့ ကောလဟလသတင်းတွေ ကြားသိခဲ့ရပေမယ့်၊ နောက်ပိုင်းမှာတော့ Redmi ရဲ့ Vice President ဖြစ်သူ Lu Weibing က သူတို့အနေနဲ့ Snapdragon 855 SoC ကို အသုံးပြုထားမယ့် Redmi Flagship စမတ်ဖုန်း ထုတ်လုပ်ဖို့ရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ တခြားသော အကြောင်းအရာတွေကိုတော့ Redmi ဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

ဒီနေ့မှာတော့ Redmi Pro 2 အမည်ရှိ စမတ်ဖုန်း တစ်လုံးဟာ Weibo ကနေ တစ်ဆင့် ပေါ်ထွက်လာခဲ့ပါတယ်။ ပေါ်ထွက်ခဲ့တဲ့ ဓာတ်ပုံအရဆိုရင် Redmi Pro 2 မှာ Selfie Camera အတွက် Notch နဲ့ Punch-hole တွေ ပါဝင်မှာ မဟုတ်ဘဲ Pop-up ကိုသာ အသုံးပြုထားနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ စမတ်ဖုန်းရဲ့ ဒီဇိုင်းဟာ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ Xiaomi CEO ဖြစ်သူ Lei Jun ရဲ့ ရှေ့က ဖုန်တစ်လုံးရဲ့ ပုံစံနဲ့လည်း သွားတူနေတယ်လို့ ဖော်ပြထားပါသေးတယ်။

The Red phone with no-notch/no-hole

နောက်ကျောဘက်မှာတော့ Redmi အမှတ်တံဆိပ်နဲ့အတူ Triple Camera Setup တပ်ဆင်ထားတာကို တွေ့ရပါတယ်။ Fingerprint Sensor တပ်ဆင်ထားတာ မတွေ့ရတဲ့အတွက် In-display Fingerprint Sensor ကို အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်စာတွေနဲ့အတူ ဖော်ပြထားတဲ့ 855 က Snapdragon 855 ကို ရည်ညွှန်းပြောဆိုထားတာ ဖြစ်နိုင်ပြီး 4800 ကတော့ 48MP Camera Sensor တပ်ဆင်ထားကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင် တချိူ့ကတော့ အဆိုပါ စမတ်ဖုန်းကို ဒုတိယနှစ်ဝက်လောက်မှသာ မြင်တွေ့နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina