Redmi က မကြာခင်ကပဲ တရုတ်မှာ Note 11T Pro ကို ကြေညာခဲ့ပြီး အခုတော့ ပထမဆုံးအသုတ်ကို ရောင်းချပေးလိုက်ပါပြီ။ အရမ်းကို ရောင်းအားကောင်းတယ်လို့ ပြောနိုင်ပြီး Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က ၁ နာရီအတွင်း အလုံးရေ ၂၇၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Redmi sells 270,000 Note 11T Pro units in one hour

သူက အသေးစိတ်ကို မပြောပေမယ့် Note 11T Pro နဲ့ Note 11T Pro+ ၂ လုံးစလုံးရဲ့ ရောင်းအား ဖြစ်နိုင်ပါတယ်။ ဒါဟာ တော်တော် အထင်ကြီးစရာကောင်းတဲ့ အောင်မြင်မှု ဖြစ်ပြီး တရုတ်တွေဟာ အဲဒီ ဖုန်းတွေကို တကယ် နှစ်သက်ပုံရပါတယ်။ မကြာခင် တခြားနိုင်ငံတွေမှာ ရောင်းချမယ်လို့ ထင်ရပြီး တရုတ်ပြင်ပမှာ ဘယ်နာမည်တွေနဲ့ ရောင်းချမလဲဆိုတာ မသိရသေးပါဘူး။

Xiaomi Redmi Note 11T Pro and Pro+ unveiled in China, Note 11 SE tags along - GSMArena.com news

Note 11T Pro နဲ့ Pro+ ရဲ့ Specs တွေကို အကျဉ်းချုပ် ပြန်လည် လေ့လာကြည့်ရအောင်။ Note 11T Pro မှာ ၆.၆ လက်မ FHD+ 144Hz LCD မျက်နှာပြင်၊ Dimensity 8100 Chipset ၊ 6/8GB RAM ၊ 128/256GB Storage ၊ အနောက်ကင်မရာ ၃ လုံး (64MP Main , 8MP Ultrawide, 2MP Macro) ၊ 16MP ဆဲလ်ဖီး ကင်မရာနဲ့ 67W Fast Charging ပါတဲ့ 5,080mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Pro+ မှာ အပို 512GB Storage ပါလာပြီး အရွယ်ပိုသေးတဲ့ 4,400mAh ဘက်ထရီနဲ့ ပိုမြန်တဲ့ 120W Charging ထည့်ထားပါတယ်။ တခြား Specs တွေက တူညီကြပါတယ်။

Ref : gsmarena