[Zawgyi]

Xiaomi က Redmi Brand အသစ္ကို ေၾကညာခဲ့ပါတယ္။ ဘရန္း အသစ္ရဲ႕ ပထမဆံုး စမတ္ဖုန္းမ်ား အျဖစ္ Note 7 Series မ်ားကို မိတ္ဆက္ခဲ့ပါတယ္။ သူတို႔ကို ကမာၻအ၀န္းမွာ ေရာင္းခ်ထားတာ ၆ လ မျပည့္ေသးပါဘူး။ အခုေတာ့ ကုမၸဏီက Redmi Note 7 Phone မ်ား အလံုးေရ ၁၅ သန္းေက်ာ္ ေရာင္းခ်ထားႏုိင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။

ကမာၻအ၀န္းမွာ Redmi Note 7 အမည္နဲ႔ေရာင္းခ်ထားတဲ့ ေမာ္ဒယ္ကို အိႏၵိယမွာ Redmi Note 7S လို႔ ေခၚပါတယ္။ Redmi Note 7 Pro ကိုေတာ့ အိႏၵိယမွာ Redmi Note 7 လို႔ ေခၚပါတယ္။ Redmi Note 7 ကို တရုတ္မွာ ဇန္န၀ါရီလက ေၾကညာခဲ့တာ ျဖစ္ၿပီး အိႏၵိယမွာ Redmi Note 7 Pro ကို ေဖေဖာ္၀ါရီလမွာ ေရာင္းခ်ေပးခဲ့တာ ျဖစ္ပါတယ္။ ေမလမွာ ကုမၸဏီက ၄ လအတြင္းတြင္ ကမာၻအ၀န္းမွာ Redmi Note 7 Series မ်ား အလံုးေရ ၁၀ သန္း ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။

Xiaomi India က ဒီလို ေရာင္းအား ေကာင္းတာကို ေအာင္ပြဲခံတဲ့ အေနနဲ႔ Mi.com နဲ႔ Flipkart တို႔မွာ Redmi Note 7 Phone မ်ားကို ေရာင္းအားျမွင့္တင္တဲ့ အစီအစဥ္ကို သံုးရက္ၾကာ ျပဳလုပ္ေပးလိုက္ပါတယ္။ ကုမၸဏီက ဇူလိုင္လ ၁၇ ရက္မွာ အိႏၵိယတြင္ Redmi K20 Series မ်ားကို ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ K20 Series မ်ားဟာ ေစ်းႏႈန္း ပိုမ်ားတဲ့ အတြက္ Redmi Note 7 Series မ်ားရဲ႕ ေရာင္းအားကို ထိခိုက္ေစမွာ မဟုတ္ပါဘူး။

Ref : gsmarena, fonearena

[Unicode]

၆ လအတွင်းမှာ Redmi Note 7  များ ၁၅ သန်းကျော် ရောင်းချရ

Xiaomi က Redmi Brand အသစ်ကို ကြေညာခဲ့ပါတယ်။ ဘရန်း အသစ်ရဲ့ ပထမဆုံး စမတ်ဖုန်းများ အဖြစ် Note 7 Series များကို မိတ်ဆက်ခဲ့ပါတယ်။ သူတို့ကို ကမ္ဘာအဝန်းမှာ ရောင်းချထားတာ ၆ လ မပြည့်သေးပါဘူး။ အခုတော့ ကုမ္ပဏီက Redmi Note 7 Phone များ အလုံးရေ ၁၅ သန်းကျော် ရောင်းချထားနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။

ကမ္ဘာအဝန်းမှာ Redmi Note 7 အမည်နဲ့ရောင်းချထားတဲ့ မော်ဒယ်ကို အိန္ဒိယမှာ Redmi Note 7S လို့ ခေါ်ပါတယ်။ Redmi Note 7 Pro ကိုတော့ အိန္ဒိယမှာ Redmi Note 7 လို့ ခေါ်ပါတယ်။ Redmi Note 7 ကို တရုတ်မှာ ဇန်နဝါရီလက ကြေညာခဲ့တာ ဖြစ်ပြီး အိန္ဒိယမှာ Redmi Note 7 Pro ကို ဖေဖော်ဝါရီလမှာ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ မေလမှာ ကုမ္ပဏီက ၄ လအတွင်းတွင် ကမ္ဘာအဝန်းမှာ Redmi Note 7 Series များ အလုံးရေ ၁၀ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

Xiaomi India က ဒီလို ရောင်းအား ကောင်းတာကို အောင်ပွဲခံတဲ့ အနေနဲ့ Mi.com နဲ့ Flipkart တို့မှာ Redmi Note 7 Phone များကို ရောင်းအားမြှင့်တင်တဲ့ အစီအစဉ်ကို သုံးရက်ကြာ ပြုလုပ်ပေးလိုက်ပါတယ်။ ကုမ္ပဏီက ဇူလိုင်လ ၁၇ ရက်မှာ အိန္ဒိယတွင် Redmi K20 Series များကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ K20 Series များဟာ ဈေးနှုန်း ပိုများတဲ့ အတွက် Redmi Note 7 Series များရဲ့ ရောင်းအားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

Ref : gsmarena, fonearena