Xiaomi ရဲ့ Redmi Series ဖုန်းတွေဟာ Model တိုင်းလိုလိုကို ရောင်းအားကောင်းပြီး အောင်မြင်နေတာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Redmi 9 စမတ်ဖုန်းကိုလာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ မိတ်ဆက်တော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ Redmi 8 Series ဖုန်းတွေရဲ့ ရောင်းအားကို ထုတ်ကြွားလိုက်ပါတယ်။

Xiaomi ရဲ့ ဖော်ပြချက်အရတော့ Redmi 8 Series ဖုန်းတွေဟာ တကမ္ဘာလုံးအနေနဲ့ အလုံးရေ ၁၉ သန်းကျော်ရောင်းချထားပြီးဖြစ်ပါတယ်။ အဆိုပါ Redmi 8 Series ဖုန်းတွေထဲမှာ Redmi 8A ၊ Redmi 8 ၊ Redmi 8A Dual နဲ့ Redmi 8A Pro ဖုန်းတွေအဓိကပါဝင်ခဲ့ပြီး အစောဆုံးအနေနဲ့ Redmi 8A ဖုန်းကို ပြီးခဲ့တဲ့ စက်တင်လာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ယခု Redmi 9 စမတ်ဖုန်းကို မိတ်ဆက်တဲ့အချိန်က မနှစ်တုန်းကနဲ့ယှဥ်ရင် နည်းနည်းပိုစောနေတဲ့လို့ ပြောနိုင်ပေမယ့် Entry Budget ဖုန်းကောင်းကောင်းတစ်လုံးကို ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ သတင်းကောင်းဖြစ်မှာပါ။ Redmi 9 စမတ်ဖုန်းဟာ Quad Camera Setup ၊ MediaTek Helio G80 Chipset နဲ့ 18W Fast Charging ပါဝင်တဲ့ 5020mAh Battery တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

Xiaomi Redmi 9 စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၁,၀၀၀ (မြန်မာငွေ ၂ သိန်းအောက်) ဝန်းကျင်ကျသင့်မှာဖြစ်ပြီး တခြားသော ဘယ်လိုမျိုး Feature တွေပါဝင်လာနိုင်မလဲဆိုတာကိုတေ့ာ လာမယ့်ဇွန်လ ၂၄ ရက်နေ့ကြမှ စောင့်ကြည့်ရမှာပါ။

Ref – Gizmo China