Redmi ရဲ့ ပထမဆုံး Fitness Tracker ဖြစ်တဲ့ Redmi Smart Band ကို တရုတ်မှာ ၂၀၂၀ ခုနှစ်က ကြေညာခဲ့ပြီး နိုင်ငံတကာမှာ Mi Smart Band 4C အမည်နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီ လက်ပတ်မှာ ၁.၀၈ လက်မ TFT LCD မျက်နှာပြင်၊ ၂၄ နာရီ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည်၊ ၁၄ ရက် ဘက်ထရီ သက်တမ်း စတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ အခုတော့ ကုမ္ပဏီက Redmi Smart Band 2 ကို အာရှနဲ့ ဥရောပမှာ စတင် ထုတ်လုပ်နေပြီလို့ သတင်းထွက်လာပါတယ်။

Redmi-Smart-Band

Tipster Mukul Sharma က Redmi Smart Band 2 နဲ့ Charging Dock ကို အာရှနဲ့ ဥရောပမှာ စတင် ထုတ်လုပ်နေပြီဖြစ်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ကြေညာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ လက်ပတ်ရဲ့ Specs နဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Xiaomi's cheap and cheerful Redmi Band fitness tracker appears in series of unboxed and hands-on images - NotebookCheck.net News

အဲဒီအတွက် ပထမမျိုးဆက် Redmi Smart Band ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ အဲဒီ လက်ပတ်မှာ ၁.၀၈ လက်မ 16-bit Color TFT LCD မျက်နှာပြင်တပ်ဆင်ထားပြီး 128x200p Resolution ဖြစ်ပါတယ်။ အမြင့်ဆုံး Brightness အနေနဲ့ 200 nits အထိ ထောက်ပံ့ထားပါတယ်။

၂၄ နာရီ နှလုံးခုန်နှုန်းကို တွက်ချက်ပေးပြီး နှလုံးခုန်နှုန်း ပုံမှန် မဟုတ်ရင် User ကို အသိပေးနိုင်ပါတယ်။ ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ အပါအဝင် ပရော်ဖက်ရှင်နယ် အားကစား Mode ၅ မျိုး ပါလာပြီး Screen Customization Option ပေါင်း ၅၀ ကျော် ထည့်သွင်းထားပါတယ်။ 130mAh ဘက်ထရီ ပါပြီး ၁၄ ရက် အသုံးခံကာ ၂၂ ဒေါ်လာနဲ့ ရောင်းချထားပါတယ်။

Ref : gizmochina၏