Xiaomi က Redmi Brand လက်အောက်ကနေ Smart TV အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi Smart TV A70 မှာ အရွယ်ကြီး ၇၀ လက်မ 3840x2160p မျက်နှာပြင် တပ်ဆင်ထားပြီး Screen to Body Ratio က ၉၆ ရာခိုင်နှုန်း ရှိပါတယ်။ ၇၈ ရာခိုင်နှုန်း DCI-P3 Color Gamut ၊ ၁ ဘီလီယမ် Primary Color မျက်နှာပြင်နဲ့ 60Hz Refresh Rate ထောက်ပံ့ထားပြီး Direct Backlight ပါပါတယ်။

Redmi Smart TV A70

Redmi Smart TV A70 မှာ Quad-core A35 Processor မောင်းနှင်ထားပြီး 1.5GB RAM နဲ့ 8GB Flash Memory ထည့်သွင်းထားပါတယ်။ 2.4G WiFi နဲ့ Infrared Support ပါလာပြီး အသံကြည်လင်ပြတ်သားတဲ့ 10W စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။

Redmi Smart TV A70

Redmi Smart TV A70 မှာ USB Port ၂ ခု၊ HDMI Port ၂ ခု၊ အန်တင်နာ ၁ ခု၊ AV Input နဲ့ Network Port ၁ ခု တပ်ဆင်ထားပြီး စမတ် Device တွေကို ထိန်းချုပ်နိုင်သလို ကင်မရာ ဓါတ်ပုံတွေကို ကြည့်နိုင်ပါတယ်။ ရုပ်ရှင်နဲ့ TV လိုင်းတွေကို ကြည့်ရှုနိုင်တဲ့ Apps တွေ ထည့်သွင်းထားပါတယ်။ Screen Projection စွမ်းရည် ပါလာပြီး Android , iOS , Windows , Mac Notebook တွေကို ထောက်ပံ့ပါတယ်။

Redmi Smart TV A70

Xiaomi က Redmi Smart TV A70 ဟာ မာကျော အကြမ်းခံတယ်လို့ ကြော်ငြာထားပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပြီး Pre-sale စျေးကို ၃၀၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ပုံမှန်စျေးကတော့ ၂,၉၉၉ ယွမ် (၄၁၇ ဒေါ်လာ) ဖြစ်ပါတယ်။

Ref : gizmochina