[Zawgyi]

Xiaomi ဟာ ၂၀၁၉ ခုႏွစ္ ပထမႏွစ္၀က္မွာ ေရာင္းအား အေကာင္းဆံုး စမတ္တီဗီ ထုတ္လုပ္သူ အျဖစ္ အိႏၵိယမွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က စမတ္တီဗီ နယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ အတြက္ Xiaomi ရဲ႕ စီအီးအို Lei Jun ကို တရုတ္ လူမႈကြန္ရက္ ၀ီဘိုကေန ခ်ီးက်ဴးခဲ့ပါတယ္။ ဒါ့အျပင္ သူက Redmi ဟာ စမတ္တီဗီ ထုတ္သင့္သလားလို႔ Followers ေတြကို ၀ီဘိုမွာ ေမးခဲ့ပါတယ္။

အဲဒီအတြက္ Redmi ဟာ  စမတ္တီဗီ နယ္ပယ္ကို ၀င္ေရာက္လာေတာ့မယ္လို႔ ထင္ရပါတယ္။ မၾကာခင္မွာ သူ႔ရဲ႕ ပထမဆံုး စမတ္တီဗီကို ေၾကညာႏုိင္ပါတယ္။ Redmi ရဲ႕ စမတ္တီဗီနဲ႔ ပတ္သက္တဲ့ အေသးစိတ္ သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ သူ႔ကို အိႏၵိယမွာ ေရာင္းခ်မွာ ေသခ်ာပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္ကိုလည္း ကုမၸဏီက မေျပာေသးပါဘူး။

Xiaomi ရဲ႕ စမတ္တီဗီေတြဟာ သူ႔ရဲ႕ စမတ္ဖုန္းေတြလိုပဲ ေစ်းအရမ္း ခ်ိဳသာတဲ့ အတြက္ အိႏၵိယမွာ အရမ္းကို လူႀကိဳက္မ်ားေနပါတယ္။ Redmi ရဲ႕ စမတ္တီဗီဟာလည္း ေစ်းအရမ္းခ်ိဳသာမယ္လို႔ ထင္ရပါတယ္။ လက္ရွိမွာ Redmi ရဲ႕ စမတ္ဖုန္းေတြဟာ ေစ်းႏႈန္းခ်ိဳသာတဲ့အတြက္ အိႏၵိယ အပါအ၀င္ ကမာၻအ၀န္းမွာ ေရာင္းအားေကာင္းေနပါတယ္။

စမတ္တီဗီနယ္ပယ္ကို ၀င္ေရာက္ဖို႔ ျပင္ဆင္ေနတာ Redmi တစ္ခုထဲ မဟုတ္ပါဘူး။ Honor နဲ႔ OnePlus တို႔ကလည္း မၾကာခင္မွာ စမတ္တီဗီေတြကို အိႏၵိယမွာ ေရာင္းဖို႔ စီစဥ္ေနၾကပါတယ္။ လက္ရွိမွာေတာ့ အိႏၵိယရဲ႕ စမတ္တီဗီ ေစ်းကြက္မွာ Xiaomi , Samsung နဲ႔ LG တို႔က အဓိက ယွဥ္ၿပိဳင္ေနၾကပါတယ္။

Ref : indiatoday

[Unicode]

စမတ်တီဗီ ထုတ်တော့မယ့် Redmi

Xiaomi ဟာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းအား အကောင်းဆုံး စမတ်တီဗီ ထုတ်လုပ်သူ အဖြစ် အိန္ဒိယမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က စမတ်တီဗီ နယ်ပယ်မှာ အောင်မြင်နေတဲ့ အတွက် Xiaomi ရဲ့ စီအီးအို Lei Jun ကို တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် သူက Redmi ဟာ စမတ်တီဗီ ထုတ်သင့်သလားလို့ Followers တွေကို ဝီဘိုမှာ မေးခဲ့ပါတယ်။

အဲဒီအတွက် Redmi ဟာ စမတ်တီဗီ နယ်ပယ်ကို ဝင်ရောက်လာတော့မယ်လို့ ထင်ရပါတယ်။ မကြာခင်မှာ သူ့ရဲ့ ပထမဆုံး စမတ်တီဗီကို ကြေညာနိုင်ပါတယ်။ Redmi ရဲ့ စမတ်တီဗီနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ သူ့ကို အိန္ဒိယမှာ ရောင်းချမှာ သေချာပါတယ်။ ရောင်းချမယ့် အချိန်ကိုလည်း ကုမ္ပဏီက မပြောသေးပါဘူး။

Xiaomi ရဲ့ စမတ်တီဗီတွေဟာ သူ့ရဲ့ စမတ်ဖုန်းတွေလိုပဲ ဈေးအရမ်း ချိုသာတဲ့ အတွက် အိန္ဒိယမှာ အရမ်းကို လူကြိုက်များနေပါတယ်။ Redmi ရဲ့ စမတ်တီဗီဟာလည်း ဈေးအရမ်းချိုသာမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ Redmi ရဲ့ စမတ်ဖုန်းတွေဟာ ဈေးနှုန်းချိုသာတဲ့အတွက် အိန္ဒိယ အပါအဝင် ကမ္ဘာအဝန်းမှာ ရောင်းအားကောင်းနေပါတယ်။

စမတ်တီဗီနယ်ပယ်ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတာ Redmi တစ်ခုထဲ မဟုတ်ပါဘူး။ Honor နဲ့ OnePlus တို့ကလည်း မကြာခင်မှာ စမတ်တီဗီတွေကို အိန္ဒိယမှာ ရောင်းဖို့ စီစဉ်နေကြပါတယ်။ လက်ရှိမှာတော့ အိန္ဒိယရဲ့ စမတ်တီဗီ ဈေးကွက်မှာ Xiaomi , Samsung နဲ့ LG တို့က အဓိက ယှဉ်ပြိုင်နေကြပါတယ်။

Ref : indiatoday