[Zawgyi]

Redmi ဟာ လာမယ့္တစ္ပတ္ထဲမွာ Note 8 နဲ႔ Note 8 Pro ေတြကို တရားဝင္ မိတ္ဆက္သြားေတာ့မွာပဲ ျဖစ္ပါတယ္။ Redmi Note 8 Pro ဟာ 64MP ကင္မရာ ပါဝင္တယ္လို႔ ကုမၸဏီက အေစာပိုင္းကတည္းက အတည္ျပဳေပးထားၿပီးတာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ကေတာ့ Redmi ဟာ Note 8 Pro ရဲ႕ 25x zoom အစြမ္းကို ထုတ္ႂကြားခဲ့ျပန္ပါတယ္။ Redmi Note 8 Pro ရဲ႕ 64MP ကင္မရာဟာ 9248×6936 pixels resolution ရွိတဲ့ ဓါတ္ပုံေတြ ႐ိုက္ကူးႏိုင္တယ္လို႔ ကုမၸဏီက အမႊမ္းတင္ထားပါေသးတယ္။ သာမန္ Note 8 ကေတာ့ 64MP ကင္မရာအစား 48MP ကင္မရာပဲ တပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။

Redmi က လႊင့္တင္ခဲ့တဲ့ ပိုစတာမွာ ေရးသားထားတဲ့ စာေတြကို ဘာသာျပန္လိုက္ရင္ 25x နဲ႔႐ိုက္ကူးၿပီး Full-HD resolution ရရွိမွာျဖစ္သလို 4K ထက္လည္း 7.7x ျမင့္မားၿပီး 8K resolution ထက္ 2x ျမင့္မားတယ္လို႔ ေရးသားထားတာကို ေတြ႕ျမင္ရပါတယ္။ သူႂကြားလုံးထုတ္ထားတဲ့အရည္အေသြးက တကယ္ပဲလားဆိုတာေတာ့ မၾကာခင္မွာ လက္ေတြ႕စမ္းသပ္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Redmi Note 8 နဲ႔ Note 8 Pro ႏွစ္မ်ိဳးစလုံးဟာ Helio G90T Chipset ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ ဒီ Chipset ဟာ ဂိမ္းမင္းကို အဓိကအာ႐ုံစိုက္ထားတာလည္း ျဖစ္ပါတယ္။ 64MP အပါအဝင္ ကင္မရာေလးလုံးတပ္ဆင္ထားမယ္ဆိုေပမယ့္ Fingerprint ကေတာ့ ေက်ာဘက္မွာ တပ္ဆင္ထားတဲ့ Fingerprint Reader ကိုပဲ ေတြ႕ျမင္ရမွာျဖစ္ၿပီး UD Fingerprint ကိုေတာ့ ေတြ႕ျမင္ရမွာ မဟုတ္ပါဘူး။

Ref: GSM Arena

[Unicode]

Note 8 Pro ရဲ့ 25x Zoom ကို ထုတ်ကြွားလိုက်တဲ့ Redmi

Redmi ဟာ လာမယ့်တစ်ပတ်ထဲမှာ Note 8 နဲ့ Note 8 Pro တွေကို တရားဝင် မိတ်ဆက်သွားတော့မှာပဲ ဖြစ်ပါတယ်။ Redmi Note 8 Pro ဟာ 64MP ကင်မရာ ပါဝင်တယ်လို့ ကုမ္ပဏီက အစောပိုင်းကတည်းက အတည်ပြုပေးထားပြီးတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Redmi ဟာ Note 8 Pro ရဲ့ 25x zoom အစွမ်းကို ထုတ်ကြွားခဲ့ပြန်ပါတယ်။ Redmi Note 8 Pro ရဲ့ 64MP ကင်မရာဟာ 9248×6936 pixels resolution ရှိတဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်တယ်လို့ ကုမ္ပဏီက အမွှမ်းတင်ထားပါသေးတယ်။ သာမန် Note 8 ကတော့ 64MP ကင်မရာအစား 48MP ကင်မရာပဲ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

Redmi က လွှင့်တင်ခဲ့တဲ့ ပိုစတာမှာ ရေးသားထားတဲ့ စာတွေကို ဘာသာပြန်လိုက်ရင် 25x နဲ့ရိုက်ကူးပြီး Full-HD resolution ရရှိမှာဖြစ်သလို 4K ထက်လည်း 7.7x မြင့်မားပြီး 8K resolution ထက် 2x မြင့်မားတယ်လို့ ရေးသားထားတာကို တွေ့မြင်ရပါတယ်။ သူကြွားလုံးထုတ်ထားတဲ့အရည်အသွေးက တကယ်ပဲလားဆိုတာတော့ မကြာခင်မှာ လက်တွေ့စမ်းသပ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Redmi Note 8 နဲ့ Note 8 Pro နှစ်မျိုးစလံဒးဟာ Helio G90T Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒီ Chipset ဟာ ဂိမ်းမင်းကို အဓိကအာရုံစိုက်ထားတာလည်း ဖြစ်ပါတယ်။ 64MP အပါအဝင် ကင်မရာလေးလုံးတပ်ဆင်ထားမယ်ဆိုပေမယ့် Fingerprint ကတော့ ကျောဘက်မှာ တပ်ဆင်ထားတဲ့ Fingerprint Reader ကိုပဲ တွေ့မြင်ရမှာဖြစ်ပြီး UD Fingerprint ကိုတော့ တွေ့မြင်ရမှာ မဟုတ်ပါဘူး။

Ref: GSM Arena