Xiaomi ဟာ ဒီနှစ် ဖေဖော်ဝါရီလကမှ Redmi Note 11 Series ကို နိုင်ငံတကာမှာ ကြေညာခဲ့ပေမယ့် Redmi Note 12 Series ကို မိတ်ဆက်ဖို့ စတင် ပြင်ဆင်နေပါပြီ။

Next-Redmi-Note-teaser

Redmi CEO Lu Weibing က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ဒီသတင်းကို ပြောကြားလိုက်တာပါ။ ဝီဘိုက ပို့စ်မှာ Lu က Redmi Note 12 Series ကို တရုတ်မှာ မကြာခင် ကြေညာမှာ ဖြစ်ပြီး Redmi Note 11 Series ထက် စွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာမယ်လို့ အသိပေးထားပါတယ်။

Lu က ဝီဘိုက ပို့စ်မှာ “ ၂၀၂၁ ခုနှစ်ကတည်းက Redmi Brand ဟာ ၁ နှစ်မှာ Redmi Note Series ၂ ခုကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Redmi Note 10 Series ကို တရုတ်မှာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်နဲ့ Redmi Note 11 Series ကို တရုတ်မှာ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာခဲ့ပါတယ်။ လျှင်မြန်တဲ့ ဖုန်းတွေကို ကြိုက်တဲ့သူတွေအတွက် စွမ်းရည်မြင့် Redmi Note 10 Series ကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ရောင်းချပေးခဲ့ပြီး ဖက်ရှင်ကျကာ ကင်မရာ ကောင်းတဲ့ Redmi Note 11 Series ကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ထုတ်လုပ်ပေးခဲ့ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Lu က Redmi Brand ဟာ ၁ နှစ်မှာ Series ၂ ခု ထုတ်လုပ်တဲ့ နည်းဗျူဟာကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ပြောတဲ့အတွက် စွမ်းရည်မြင့်တဲ့ Redmi Note 12 Series ကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်နဲ့ ဖက်ရှင်ကျတဲ့ Redmi Note 13 Series ကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ မြင်ရဖို့ ရှိပါတယ်။ Xiaomi ဟာ Redmi Note 12 Series ကို ဒီနှစ် မေလ သို့မဟုတ် ဇွန်လမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina