[Zawgyi]

Redmi Note 7 ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလဆန္းမွာ မိတ္ဆက္ခဲ့တာျဖစ္ၿပီး စမတ္ဖုန္းေလာကမွာ အေတာ္ေလး ပြဲဆူေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ 48MP ကင္မရာ၊ Snapdragon 660 SoC, 4,000mAh ဘက္ထရီ၊ Quick Charge 4.0, USB Type-C, Gorilla Glass 5 စတာေတြနဲ႔ စမတ္ဖုန္းတစ္လုံးရဲ႕တန္ဖိုးကို ျမန္မာေငြ ၂ သိန္း ၃ ေသာင္း ဝန္းက်င္နဲ႔ ေရာင္းခ်ခဲ့ၾကတာပါ။

Redmi Note 7 ကေတာ့ တ႐ုတ္ႏိုင္ငံအတြင္းေရာင္းခ်မႈမွာ ပထမဆုံးတစ္လအတြင္း အလုံးေရ တစ္သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အခုေတာ့ Redmi Note 7 ဟာ လာမယ့္ေဖေဖာ္ဝါရီ ၂၈ ရက္ဆိုရင္ အိႏၵိယေဈးကြက္မွာ စတင္ပ်ံသန္းေတာ့မွာ ျဖစ္ပါတယ္။ ဒီအတြက္ Redmi က နံပါတ္ ၇ ဂဏန္းနဲ႔ဒီဇိုင္းျပဳလုပ္ထားတဲ့ 48MP image တစ္ခုကို တြစ္တာမွာ တင္ခဲ့ပါတယ္။

Redmi က တင္ခဲ့တဲ့ ဒီ႐ုပ္ပုံမွာ Redmi Note 7 Pro နဲ႔ပတ္သက္တယ္လို႔ ယူဆရတဲ့ သဲလြန္စေလးအခ်ိဳ႕ပါဝင္ေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ႐ုပ္ပုံမွာ Teaser ေတြထည့္သြင္းေပးထားတယ္လို႔ ယူဆရၿပီး ၇ ဂဏန္းရဲ႕ ထိပ္ပိုင္းမွာ Display ေနာက္က Fingerprint scanner ပုံစံမ်ိဳးကိုလည္း ထည့္သြင္းထားတာကို ျမင္ရမွာ ျဖစ္ပါတယ္။

ဒီေတာ့ အားလုံးရဲ႕ေတြးထင္မႈက Redmi Note 7 Pro မွာ UD sensor နဲ႔ ထြက္လာမလားဆိုတာပါပဲ။ Redmi Note 7 Pro နဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ သိရွိထားသမွ်ဟာ 48MP + 5MP ကင္မရာႏွစ္လုံး၊ Sony IMX 586 sensor, Snapdragon 675 Chipset စတဲ့ အခ်က္ေတြေလာက္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Redmi Note 7 Pro နဲ႔ ပတ္သက္တဲ့အခ်က္ေတြထဲမွာ Under Display Fingerprint ကို ထပ္ထည့္ဖို႔ အနည္းငယ္ေတာ့ ေစာင့္ၾကည့္ရဦးမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Redmi Note 7 Pro မှာ UD Fingerprint Scanner ပါဝင်လာဖွယ်ရှိ

Redmi Note 7 ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး စမတ်ဖုန်းလောကမှာ အတော်လေး ပွဲဆူအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 48MP ကင်မရာ၊ Snapdragon 660 SoC, 4,000mAh ဘက်ထရီ၊ Quick Charge 4.0, USB Type-C, Gorilla Glass 5 စတာတွေနဲ့ စမတ်ဖုန်းတစ်လုံးရဲ့တန်ဖိုးကို မြန်မာငွေ ၂ သိန်း ၃ သောင်း ဝန်းကျင်နဲ့ ရောင်းချခဲ့ကြတာပါ။

Redmi Note 7 ကတော့ တရုတ်နိုင်ငံအတွင်းရောင်းချမှုမှာ ပထမဆုံးတစ်လအတွင်း အလုံးရေ တစ်သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အခုတော့ Redmi Note 7 ဟာ လာမယ့်ဖေဖော်ဝါရီ ၂၈ ရက်ဆိုရင် အိန္ဒိယဈေးကွက်မှာ စတင်ပျံသန်းတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Redmi က နံပါတ် ၇ ဂဏန်းနဲ့ဒီဇိုင်းပြုလုပ်ထားတဲ့ 48MP image တစ်ခုကို တွစ်တာမှာ တင်ခဲ့ပါတယ်။

Redmi က တင်ခဲ့တဲ့ ဒီရုပ်ပုံမှာ Redmi Note 7 Pro နဲ့ပတ်သက်တယ်လို့ ယူဆရတဲ့ သဲလွန်စလေးအချို့ပါဝင်နေတာကိုလည်း တွေ့မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ပုံမှာ Teaser တွေထည့်သွင်းပေးထားတယ်လို့ ယူဆရပြီး ၇ ဂဏန်းရဲ့ ထိပ်ပိုင်းမှာ Display နောက်က Fingerprint scanner ပုံစံမျိုးကိုလည်း ထည့်သွင်းထားတာကို မြင်ရမှာ ဖြစ်ပါတယ်။

ဒီတော့ အားလုံးရဲ့တွေးထင်မှုက Redmi Note 7 Pro မှာ UD sensor နဲ့ ထွက်လာမလားဆိုတာပါပဲ။ Redmi Note 7 Pro နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ သိရှိထားသမျှဟာ 48MP + 5MP ကင်မရာနှစ်လုံး၊ Sony IMX 586 sensor, Snapdragon 675 Chipset စတဲ့ အချက်တွေလောက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Redmi Note 7 Pro နဲ့ ပတ်သက်တဲ့အချက်တွေထဲမှာ Under Display Fingerprint ကို ထပ်ထည့်ဖို့ အနည်းငယ်တော့ စောင့်ကြည့်ရဦးမယ်လို့ ယူဆရပါတယ်။

Ref: GSMArena