[Zawgyi]

ဒီတစ္ပတ္ အေစာပိုင္းမွာ Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi က 48MP ကင္မရာနဲ႔ စမတ္ဖုန္းကို အိႏၵိယမွာ ျဖန႔္ခ်ိမယ္လို႔ အစဆြဲထုတ္ၿပီး ေၾကညာခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ရက္ကေတာ့ ကုမၸဏီဟာ သူတို႔ Teased လုပ္ခဲ့တဲ့ စမတ္ဖုန္းကို Redmi Note 7S လို႔အမည္ေပးထားေၾကာင္း၊ ေမလ ၂၀ ရက္ေန႔မွာ အိႏၵိယေဈးကြက္ကို ျဖန႔္ခ်ိမွာျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္လိုက္ပါတယ္။

Redmi ဟာ Note 7S ရဲ႕ “Redmi Note 7S, 48MP Dual Camera” ဆိုတဲ့ ေရစာနဲ႔ ဓါတ္ပုံကိုလည္း မွ်ေဝခဲ့ၿပီး ျဖန႔္ခ်ိမယ့္ရက္ကိုပါ တစ္ခါတည္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ကုမၸဏီက ထုတ္ေဖာ္ျပသျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ အခုအခ်ိန္ထိ ေတြ႕ျမင္ေနရသေလာက္ Redmi Note 7S ဟာ တ႐ုတ္ေဈးကြက္မွာ ေရာင္းခ်ခဲ့တဲ့ Redmi Note 7 အတိုင္းပဲ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။

တ႐ုတ္ေဈးကြက္မွာ ျဖန႔္ခ်ိခဲ့တဲ့ Redmi Note 7 ဟာ Snapdragon 660 SoC နဲ႔ျဖစ္ၿပီး 6GB of RAM ျဖစ္ပါတယ္။ ေက်ာဘက္မွာ 48MP အဓိကကင္မရာနဲ႔ 5MP depth sensor ကင္မရာတို႔ကို တပ္ဆင္ေပးထားတာျဖစ္သလို အေရွ႕ဘက္မ်က္ႏွာျပင္က Notch ထဲမွာေတာ့ 13MP selfie ကင္မရာ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။

သိပ္မၾကာခင္ကပဲ ထုတ္ျပန္ခဲ့တဲ့ Redmi ရဲ႕ ေၾကညာခ်က္အရ Note 7 နဲ႔ Note 7 Pro တို႔ဟာ ႏွစ္လအၾကာမွာ အလုံးေရ ၂ သန္းေက်ာ္ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။

Ref: GSMArena

[Unicode]

48MP Dual camera နဲ့ Redmi Note 7S ကို အိန္ဒိယဈေးကွက်မှာ ဖြန့်ချိတော့မယ့် Xiaomi

ဒီတစ်ပတ် အစောပိုင်းမှာ Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi က 48MP ကင်မရာနဲ့ စမတ်ဖုန်းကို အိန္ဒိယမှာ ဖြန့်ချိမယ်လို့ အစဆွဲထုတ်ပြီး ကြေညာခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ကုမ္ပဏီဟာ သူတို့ Teased လုပ်ခဲ့တဲ့ စမတ်ဖုန်းကို Redmi Note 7S လို့အမည်ပေးထားကြောင်း၊ မေလ ၂၀ ရက်နေ့မှာ အိန္ဒိယဈေးကွက်ကို ဖြန့်ချိမှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

Redmi ဟာ Note 7S ရဲ့ “Redmi Note 7S, 48MP Dual Camera” ဆိုတဲ့ ရေစာနဲ့ ဓါတ်ပုံကိုလည်း မျှဝေခဲ့ပြီး ဖြန့်ချိမယ့်ရက်ကိုပါ တစ်ခါတည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကုမ္ပဏီက ထုတ်ဖော်ပြသခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အခုအချိန်ထိ တွေ့မြင်နေရသလောက် Redmi Note 7S ဟာ တရုတ်ဈေးကွက်မှာ ရောင်းချခဲ့တဲ့ Redmi Note 7 အတိုင်းပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

တရုတ်ဈေးကွက်မှာ ဖြန့်ချိခဲ့တဲ့ Redmi Note 7 ဟာ Snapdragon 660 SoC နဲ့ဖြစ်ပြီး 6GB of RAM ဖြစ်ပါတယ်။ ကျောဘက်မှာ 48MP အဓိကကင်မရာနဲ့ 5MP depth sensor ကင်မရာတို့ကို တပ်ဆင်ပေးထားတာဖြစ်သလို အရှေ့ဘက်မျက်နှာပြင်က Notch ထဲမှာတော့ 13MP selfie ကင်မရာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကပဲ ထုတ်ပြန်ခဲ့တဲ့ Redmi ရဲ့ ကြေညာချက်အရ Note 7 နဲ့ Note 7 Pro တို့ဟာ နှစ်လအကြာမှာ အလုံးရေ ၂ သန်းကျော်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

Ref: GSMArena