Xiaomi ကနေ အခုနောက်ပိုင်းမှာ Mid Range 5G စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်လာတာဖြစ်ပြီး အခုလည်း စျေးအသက်သာဆုံး 5G ဖုန်းတစ်လုံးဖြစ်တဲ့ Redm K30i ကိုလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ တရုတ်ယွမ်ငွေ ၁,၀၀၀ အောက် (မြန်မာငွေ ၂ သိန်းဝန်းကျင်) ပဲကျသင့်မယ့် 5G စမတ်ဖုန်းကို မိတ်ဆက်လာတော့မှာပါ။

အဆိုပါ စမတ်ဖုန်းကိုတော့ Xiaomi ရဲ့ Sub-brand ဖြစ်တဲ့ Redmi ကနေ မိတ်ဆက်သွားမှာဖြစ်ပြီး အခုလိုမျိုး စျေးသက်သာတဲ့ 5G ဖုန်းတစ်လုံးဖြစ်နေပေမယ့် MediaTek လိုမျိုး Chipset တွေအစား Qualcomm Snapdragon 5G Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 5G Chipset နာမည်ကိုတော့မသိရှိရသေးပေမယ့် Codename အနေနဲ့ကတော့ SM6350 လို့ ခေါ်ဆိုထားတယ်လို့ သိရပါတယ်။

ယခုသတင်းကိုနာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ Redmi စမတ်ဖုန်းမှာပါဝင်လာမယ့် Specs တွေကိုတော့ အတိအကျမသိရှိရသေးပါဘူး။

အစောပိုင်းတုန်းကလည်း Redmi K30 5G Racing Edition ဆိုပြီး Qualcomm ကနေ Snadpragon 768 Chipset ကို တရားဝင်မမိတ်ဆက်ခင်မှာ Xiaomi ကနေ ကြေညာခဲ့တဲ့အတွက် အခုအချိန်မှာလည်း အဆိုပါ တရုတ်ယွမ်ငွေ ၁,၀၀၀ အောက်နဲ့ 5G Redmi ဖုန်းကို Qualcomm ကနေ Chipset ကို တရားဝင်မကြေညာခင်မှာ မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena