[Zawgyi]

ရက္သတၱပတ္ေပါင္းမ်ားစြာ သတင္းေတြထြက္ေနတဲ့ Redmi TV ကို ေၾကညာလိုက္ပါၿပီ။ Redmi ရဲ႕ ပထမဆံုး TV ျဖစ္ၿပီး ရိုးရိုးရွင္းရွင္းပဲ Redmi TV လို႔ နာမည္ေပးထားပါတယ္။ ၇၀ လက္မ 4K HDR Display ထည့္သြင္းထားၿပီး ၅၅ လက္မ Display ထက္ ၆၀ ရာခိုင္ႏႈန္း အရြယ္ပိုႀကီးတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Redmi TV မွာ ဆဌမမ်ိဳးဆက္ Picture Quality Engine ထည့္သြင္းထားပါတယ္။ 1.5GHz Amlogic Quad-core 64-bit Processor နဲ႔ 750Mhz Mali-450 MP3 GPU ေတြ ေမာင္းႏွင္ထားပါတယ္။ 2GB RAM နဲ႔ 16GB Storage ပါပါတယ္။ Wi-Fi 802.11 b/g/n/ac နဲ႔ စြမ္းအင္ စားသံုးမႈ သက္သာေစတဲ့ Bluetooth 4.2 ပါပါတယ္။ HDMI Port ၃ ခုနဲ႔ USB Port ၂ ခု ထည့္ထားပါတယ္။

Xiaomi ရဲ႕ Mi Smart TVs ေတြလိုပဲ Redmi TV မွာ Voice Assistant နဲ႔ Bluetooth ပါတဲ့ Voice-based Remote Controller  ပါပါတယ္။ PatchWall User Interface , Dolby Audio နဲ႔ DTS-HD ထည့္ထားပါတယ္။ တရုတ္မွာ ယြမ္ ၃,၇၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၈၀၀,၀၀၀ ေလာက္ရွိပါတယ္။

Smart TV ေစ်းကြက္မွာ ၿပိဳင္ဆိုင္မႈေတြ မ်ားလာေတာ့မွာပါ။ မၾကာခင္ကလည္း Honor က သူ႔ရဲ႕ ပထမဆံုး Honor Vision TV ကို ေၾကညာခဲ့ၿပီး ယြမ္ ၃,၇၉၉ သတ္မွတ္ထားပါတယ္။ Honor Vision မွာ ၅၅ လက္မ Display နဲ႔ HarmonyOS ေတြ ပါပါတယ္။ OnePlus ကလည္း လာမယ့္လမွာ သူ႔ရဲ႕ Smart TV ကို အိႏၵိယမွာ ေၾကညာေတာ့မွာပါ။

Ref : gizmochina

[Unicode]

4K HDR Display ပါတဲ့ ၇၀ လက်မ Redmi TV ကို ကြေညာ

ရက်သတ္တပတ်ပေါင်းများစွာ သတင်းတွေထွက်နေတဲ့ Redmi TV ကို ကြေညာလိုက်ပါပြီ။ Redmi ရဲ့ ပထမဆုံး TV ဖြစ်ပြီး ရိုးရိုးရှင်းရှင်းပဲ Redmi TV လို့ နာမည်ပေးထားပါတယ်။ ၇၀ လက်မ 4K HDR Display ထည့်သွင်းထားပြီး ၅၅ လက်မ Display ထက် ၆၀ ရာခိုင်နှုန်း အရွယ်ပိုကြီးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Redmi TV မှာ ဆဌမမျိုးဆက် Picture Quality Engine ထည့်သွင်းထားပါတယ်။ 1.5GHz Amlogic Quad-core 64-bit Processor နဲ့ 750Mhz Mali-450 MP3 GPU တွေ မောင်းနှင်ထားပါတယ်။ 2GB RAM နဲ့ 16GB Storage ပါပါတယ်။ Wi-Fi 802.11 b/g/n/ac နဲ့ စွမ်းအင် စားသုံးမှု သက်သာစေတဲ့ Bluetooth 4.2 ပါပါတယ်။ HDMI Port ၃ ခုနဲ့ USB Port ၂ ခု ထည့်ထားပါတယ်။

Xiaomi ရဲ့ Mi Smart TVs တွေလိုပဲ Redmi TV မှာ Voice Assistant နဲ့ Bluetooth ပါတဲ့ Voice-based Remote Controller ပါပါတယ်။ PatchWall User Interface , Dolby Audio နဲ့ DTS-HD ထည့်ထားပါတယ်။ တရုတ်မှာ ယွမ် ၃,၇၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၈၀၀,၀၀၀ လောက်ရှိပါတယ်။

Smart TV ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ များလာတော့မှာပါ။ မကြာခင်ကလည်း Honor က သူ့ရဲ့ ပထမဆုံး Honor Vision TV ကို ကြေညာခဲ့ပြီး ယွမ် ၃,၇၉၉ သတ်မှတ်ထားပါတယ်။ Honor Vision မှာ ၅၅ လက်မ Display နဲ့ HarmonyOS တွေ ပါပါတယ်။ OnePlus ကလည်း လာမယ့်လမှာ သူ့ရဲ့ Smart TV ကို အိန္ဒိယမှာ ကြေညာတော့မှာပါ။

Ref : gizmochina