[Zawgyi]

Xiaomi ရဲ႕ တီဗီ ဌာန အႀကီးအကဲက Redmi TV ကို မၾကာခင္ ေၾကညာမယ္လို႔ သူ႔ရဲ႕ ၀ီဘိုအေကာင့္ကေန ၿပီးခဲ့တဲ့ ေသာၾကာေန႔က အတည္ျပဳလိုက္ပါတယ္။ အခုေတာ့ Xiaomi ရဲ႕ စီအီးအိုနဲ႔ တည္ေထာင္သူ လီဂြ်န္က Redmi TV ေၾကညာမယ့္ ေန႔ကို ေျပာလိုက္ပါတယ္။ သူက Redmi ရဲ႕ ပထမဆံုး TV မွာ အရြယ္ႀကီး ၇၀ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမွာ ျဖစ္ၿပီး  ၾသဂုတ္လ ၂၉ ရက္မွာ ေၾကညာမယ္လို႔ ေရးသားထားပါတယ္။

Redmi TV ကို Model Number L70M5-RA အေနနဲ႔ 3C Certification Website မွာ ၿပီးခဲ့တဲ့ လက ျမင္ေတြ႕ခဲ့ပါတယ္။ အဲဒီက သတင္းအခ်က္အလက္ေတြအရ Redmi TV ကို TPV Technology (Xiamen) Co., Ltd က ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ၄၀ လက္မနဲ႔ ၇၀ လက္မဆိုၿပီး အရြယ္အစား ၂ မ်ိဳးထုတ္လုပ္ထားမွာ ျဖစ္ပါတယ္။

လီဂြ်န္က ၄၀ လက္မ ေမာ္ဒယ္ကို ေၾကညာမယ့္ေန႔ကို မေျပာေသးပါဘူး။ ေမာ္ဒယ္ ၂ ခုစလံုးမွာ 4K UHD Display ထည့္သြင္းထားႏုိင္ပါတယ္။ Smart TV ေတြ ျဖစ္ၿပီး Xiaomi ရဲ႕ PatchWall System , Dolby Audio နဲ႔ Bluetooth Voice Remote ေတြ ပါလာႏုိင္ပါတယ္။ Xiaomi ရဲ႕ Mi TV ေတြဟာ အိႏၵိယမွာ ေအာင္ျမင္ေနပါတယ္။ အဲဒီအတြက္ Redmi TV ကိုလည္း အိႏၵိယမွာ အျမန္ဆံုး ေရာင္းခ်ႏုိင္ပါတယ္။

OnePlus TV ကိုလည္း အိႏၵိယမွာ မၾကာခင္ ေရာင္းေတာ့မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ Honor ကလည္း Honor Smart Screen TV ကို မၾကာခင္မွာ ေရာင္းေတာ့မယ္လို႔ ေျပာထားပါတယ္။

Ref : themobileindian

[Unicode]

Redmi TV ကို သြဂုတ်လ ၂၉ ရက်မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Xiaomi ရဲ့ တီဗီ ဌာန အကြီးအကဲက Redmi TV ကို မကြာခင် ကြေညာမယ်လို့ သူ့ရဲ့ ဝီဘိုအကောင့်ကနေ ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုလိုက်ပါတယ်။ အခုတော့ Xiaomi ရဲ့ စီအီးအိုနဲ့ တည်ထောင်သူ လီဂျွန်က Redmi TV ကြေညာမယ့် နေ့ကို ပြောလိုက်ပါတယ်။ သူက Redmi ရဲ့ ပထမဆုံး TV မှာ အရွယ်ကြီး ၇၀ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး သြဂုတ်လ ၂၉ ရက်မှာ ကြေညာမယ်လို့ ရေးသားထားပါတယ်။

Redmi TV ကို Model Number L70M5-RA အနေနဲ့ 3C Certification Website မှာ ပြီးခဲ့တဲ့ လက မြင်တွေ့ခဲ့ပါတယ်။ အဲဒီက သတင်းအချက်အလက်တွေအရ Redmi TV ကို TPV Technology (Xiamen) Co., Ltd က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ၄၀ လက်မနဲ့ ၇၀ လက်မဆိုပြီး အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

လီဂျွန်က ၄၀ လက်မ မော်ဒယ်ကို ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။ မော်ဒယ် ၂ ခုစလုံးမှာ 4K UHD Display ထည့်သွင်းထားနိုင်ပါတယ်။ Smart TV တွေ ဖြစ်ပြီး Xiaomi ရဲ့ PatchWall System , Dolby Audio နဲ့ Bluetooth Voice Remote တွေ ပါလာနိုင်ပါတယ်။ Xiaomi ရဲ့ Mi TV တွေဟာ အိန္ဒိယမှာ အောင်မြင်နေပါတယ်။ အဲဒီအတွက် Redmi TV ကိုလည်း အိန္ဒိယမှာ အမြန်ဆုံး ရောင်းချနိုင်ပါတယ်။

OnePlus TV ကိုလည်း အိန္ဒိယမှာ မကြာခင် ရောင်းတော့မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Honor ကလည်း Honor Smart Screen TV ကို မကြာခင်မှာ ရောင်းတော့မယ်လို့ ပြောထားပါတယ်။

Ref : themobileindian