Realme ကနေ Budget ဖုန်းအသစ်ဖြစ်တဲ့ Realme C3 စမတ်ဖုန်းကို မိတ်ဆက်ပြီးတဲ့အချိန်မှာ Redmi ကလည်း Realme C3 လိုမျိုးပဲ 5000mAh Battery ပါဝင်တဲ့ Budget ဖုန်းအသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အခု Redmi ရဲ့ စမတ်ဖုန်းအသစ်မိတ်ဆက်ပွဲဟာ India မှာပဲ ပြုလုပ်သွားမှာဖြစ်သလို ကုမ္ပဏီရဲ့ Official Website မှာပါ Teaser ပုံတွေဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့်လည်း စမတ်ဖုန်းနာမည်ကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။

Teaser ဓါတ်ပုံတွေအရ Perfect ဖြစ်တဲ့ Portrait ဓါတ်ပုံတွေအတွက် Dual Camera Setup ပါဝင်မှာဖြစ်သလို ကိုင်ထားရပိုအဆင်ပြေတဲ့ Grip ရရှိမယ့် Design ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Battery ကလည်း 5000mAh Battery ပါဝင်ဦးမှာဖြစ်ပါတယ်။

ဖြစ်နိုင်တာက အခုမိတ်ဆက်မယ့် Redmi စမတ်ဖုန်းအသစ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက မိတ်ဆက်ထားခဲ့တဲ့ Redmi 8A ရဲ့ မျိုးဆက်သစ် Redmi 9A ဖုန်းဖြစ်လာနိုင်ပါတယ်။ ဒါကလည်း ယခင် Redmi 8A လိုမျိုး တူညီတဲ့ “နိုင်ငံရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်း” လို့အဓိပ္ပါယ်ရတဲ့ “Desh Ka Dumdaar Smartphone” Tagline ကိုအသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။

Redmi ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပဲ “#MorePowerToRedmi” ဆိုတဲ့ Product အသစ်တွေကို မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပြီး အဆိုပါ Product တွေကတော့ Redmi Powerbank အသစ်တွေဖြစ်ဖို့များနေပါတယ်။

Realme C3 စမတ်ဖုန်းဟာ MediaTek ရဲ့ Helio G70 Processor ကိုအသုံးပြုထားသလို ဒီ Redmi 9A ဖုန်းကလည်း အနည်းငယ်ပိုကောင်းတဲ့ MediaTek Helio G80 Processor ကိုအသုံးပြုလာနိုင်ပါတယ်။

Ref – GSM Arena