[Zawgyi]

Realme က Samsung ရဲ႕ 64MP ISOCELL Sensor ပါတဲ့ ဖုန္းကို ဒီႏွစ္ ကြာတား ၄ (ေအာက္တုိဘာလနဲ႔ ဒီဇင္ဘာလၾကား) မွာ ေရာင္းမယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ Xiaomi က Redmi ဟာ အဲဒီ Sensor ကို သံုးတဲ့ ကမာၻ႕ ပထမဆံုး ကုမၸဏီေတြထဲက တစ္ခု ျဖစ္မယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီဖုန္းဟာ Redmi Note 8 ျဖစ္ႏုိင္ၿပီး  အိႏၵိယမွာ အေစာဆံုး ေရာင္းခ်ႏုိင္ပါတယ္။

Samsung ရဲ႕ ကင္မရာမွာ 1.6μm-sized Pixels ပါတဲ့ အရြယ္ႀကီး 1/1.7-inch Sensor ကို အသံုးျပဳထားပါတယ္။ အေရာင္ထုတ္လုပ္မႈ တိုးတက္လာၿပီး လက္ရွိ Sensors ေတြနဲ႔ ယွဥ္ရင္ ပိုေကာင္းတဲ့ Dynamic Range ကို ထုတ္လုပ္ေပးႏုိင္တဲ့ Hybrid 3D HDR လည္း ပါလာမွာပါ။

ေနာက္ထပ္ စိတ္၀င္စားစရာေကာင္းတဲ့ ကင္မရာ သတင္းကိုလည္း Xiaomi က ေၾကညာလုိက္ပါတယ္။ Xiaomi ဟာ 27MP Pixel-binned Images ေတြကို ထုတ္လုပ္ေပးႏုိင္တဲ့ Samsung ရဲ႕ 108MP ISOCELL Sensors ကို ပထမဆံုး သံုးတဲ့ ကုမၸဏီ ျဖစ္လာမွာပါ။ နာမည္ေက်ာ္ Leakster IceUniverse က အဲဒီ Sensor ကို Xiaomi Mi Mix 4 မွာ ထည့္သြင္းထားမယ္လို႔ ေျပာပါတယ္။ Xiaomi က Mi Mix 4 မွာ 64MP ထက္ေကာင္းတဲ့ ကင္မရာ ပါလာမယ္လို႔ အရင္က ေျပာထားပါတယ္။ ကင္မရာ အသစ္အစား Version အသစ္ကို အသံုးျပဳထားမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြားမှာ 64MP Camera ပါတဲ့ Redmi ရဲ့ ဖုန်း ထွက်မည်

Realme က Samsung ရဲ့ 64MP ISOCELL Sensor ပါတဲ့ ဖုန်းကို ဒီနှစ် ကွာတား ၄ (အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြား) မှာ ရောင်းမယ်လို့ ကြေညာထားပါတယ်။ အခုတော့ Xiaomi က Redmi ဟာ အဲဒီ Sensor ကို သုံးတဲ့ ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းဟာ Redmi Note 8 ဖြစ်နိုင်ပြီး အိန္ဒိယမှာ အစောဆုံး ရောင်းချနိုင်ပါတယ်။

Samsung ရဲ့ ကင်မရာမှာ 1.6μm-sized Pixels ပါတဲ့ အရွယ်ကြီး 1/1.7-inch Sensor ကို အသုံးပြုထားပါတယ်။ အရောင်ထုတ်လုပ်မှု တိုးတက်လာပြီး လက်ရှိ Sensors တွေနဲ့ ယှဉ်ရင် ပိုကောင်းတဲ့ Dynamic Range ကို ထုတ်လုပ်ပေးနိုင်တဲ့ Hybrid 3D HDR လည်း ပါလာမှာပါ။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ကင်မရာ သတင်းကိုလည်း Xiaomi က ကြေညာလိုက်ပါတယ်။ Xiaomi ဟာ 27MP Pixel-binned Images တွေကို ထုတ်လုပ်ပေးနိုင်တဲ့ Samsung ရဲ့ 108MP ISOCELL Sensors ကို ပထမဆုံး သုံးတဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။ နာမည်ကျော် Leakster IceUniverse က အဲဒီ Sensor ကို Xiaomi Mi Mix 4 မှာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Xiaomi က Mi Mix 4 မှာ 64MP ထက်ကောင်းတဲ့ ကင်မရာ ပါလာမယ်လို့ အရင်က ပြောထားပါတယ်။ ကင်မရာ အသစ်အစား Version အသစ်ကို အသုံးပြုထားမယ်လို့ ထင်ပါတယ်။

Ref : gsmarena