Xiaomi ဟာ မကြာခင်က Redmi Pad ကို ကြေညာခဲ့ပြီး အခုတော့ Redmi Writing Pad ကို မိတ်ဆက်လိုက်ပါတယ်။ Android တက်ဘလက် မဟုတ်ဘဲ ကလေးနဲ့ လူကြီးတွေ ပုံဆွဲဖို့၊ မှတ်စုရေးဖို့ အသုံးဝင်တဲ့ တန်ဖိုးနည်း တက်ဘလက် ဖြစ်ပါတယ်။

Redmi Writing Pad with Stylus launched at Rs 599: All you need to know | Technology News – India TV

Redmi Writing Pad မှာ ၈.၅ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Xiaomi က မျက်နှာပြင်ဟာ အလင်းရောင် ထုတ်လွှင့်မှု မရှိဘူးလို့ ပြောပါတယ်။ စာရွက်မှာ ဘောပင်နဲ့ ရေးသလို ဖြစ်တဲ့အတွက် အချိန်အကြာကြီး သုံးရင် မျက်လုံး ထိခိုက်မှု မရှိပါဘူး။ တက်ဘလက်ကို ABS ဒြပ်ထုနဲ့ တည်ဆောက်ထားပြီး ၉၀ ဂရမ် အလေးချိန် ရှိပါတယ်။

Redmi Writing Pad launched in India with stylus

Redmi Writing Pad မှာ ဖိအားအာရုံခံနိုင်တဲ့ ဒစ်ဂျစ်တယ် ဘောပင် ပါလာပြီး ပုံဆွဲတဲ့ အခါ မတူညီတဲ့ Shade တွေကို ဖန်တီးနိုင်ပါတယ်။ ဘောပင်က ၅ ဂရမ် အလေးချိန် ရှိပြီး တက်ဘလက်မှာ တပ်ဆင်ထားနိုင်ပါတယ်။

ပုံဆွဲ၊ စာရေးပြီးတဲ့အခါ ခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ ရှင်းလင်းနိုင်ပါတယ်။ မျက်နှာပြင်က အရာတွေကို ဖျက်ပစ်တာကို ကာကွယ်နိုင်ဖို့ တက်ဘလက်ရဲ့ ဘေးဘက်မှာ One-tap Lock ပါလာပါတယ်။

ဒါပေမယ့် Redmi Writing Pad မှာ Content တွေကို သင့် တခြား Device တွေနဲ့ Sync လုပ်လို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ CR2016 ဖြုတ်တပ်နိုင်တဲ့ Button Cell ပါလာပြီး စာမျက်နှာ ၂၀,၀၀၀ အထိ ရေးနိုင်တယ်လို့ ကြေညာထားပါတယ်။

Redmi Writing Pad အတွက် အနက်ရောင် ထုတ်လုပ်ထားပြီး ၇ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena