[Zawgyi]

Redmi Y3 စမတ္ဖုန္းကို Tease လုပ္လာတာ အနည္းငယ္ၾကာခဲ့ၿပီျဖစ္ၿပီး 32MP ဆယ္ဖီကင္မရာတစ္လုံး အပါအဝင္ ကင္မရာစြမ္းရည္ကို ဦးစားေပးေၾကျငာေနခဲ့တာပါ။ ဒီဖုန္းမွာ Texture စတုိင္ အေရာင္ေျပးေနာက္ေက်ာ၊ Dual-camera အတြဲနဲ႔ Fingerprint စတာေတြကို အရင္ Teaser ေတြမွာ ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။ ဧၿပီလ ၂၄ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာမယ့္ဖုန္းဟာ ႏွစ္ရက္အလုိမွာ Geekbench ေပၚသုိ႔ တက္ေရာက္စမ္းသပ္ခံခဲ့တာကိုေတြ႕ရပါတယ္။

ဒီဖုန္းဟာ အနည္းငယ္သက္တမ္းရေနျပီျဖစ္တဲ့ Snapdragon 625 ခ်စ္ပ္ဆက္၊ 3GB RAM မန္မုိရီတုိ႔နဲ႔ ျမင္ေတြ႕ရပါတယ္။ SD625 ဟာ ၂၀၁၆ ထဲက ထြက္ရွိခဲ့တဲ့ ပရုိဆက္ဆာျဖစ္ၿပီး Redmi Note 4 နဲ႔ မႏွစ္က Redmi Y2 ဖုန္းေတြမွာလည္း လူၾကိဳက္မ်ားခဲ့တယ္။ Redmi 7 မွာေတြ႕ရတဲ့ SD 632 ဟာပုိၿပီး ေခတ္မီမွာျဖစ္ေပမယ့္ SD625 နဲ႔ထြက္လာတဲ့ Y3 ဟာ ပိုေစ်းခ်ဳိသာႏုိင္ပါတယ္။ Y3 မွာ Android Pie ကိုအေျခခံထားတဲ့ MIUI 10 နဲ႔ အသုံးျပဳရမွာပါ။

Redmi Y3 ဖုန္းသစ္ဟာ Geekbench မွာေတာ့ Single-core အတြက္ 1236 နဲ႔ Multi-core စမ္းသပ္မႈ အတြက္ 4213 ရမွတ္အသီးသီးရွိတာေၾကာင့္ Redmi 7 နဲ႔တန္းတူေလာက္ပါပဲ။ သူတုိ႔ဖုန္းႏွစ္လုံးအၾကားမွာ ထပ္တူတာက 4,000 mAh ဘကၳရီကိုပဲ သုံးစြဲထားတာပါ။

ဒါေၾကာင့္ Y3 ဖုန္းဟာ အိႏၵိယလို ေစ်းကြက္ေတြမွာ ပရုိဆက္ဆာေျပာင္းလဲၿပီး Redmi 7 Pro အျဖစ္ မိတ္ဆက္လာမယ္လို႔လည္း ထင္ေၾကးေပးေနၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ လာမယ့္တစ္ရက္ႏွစ္ရက္အတြင္းမွာ Redmi Y3 မိတ္ဆက္လာတာကို ၾကည့္ၿပီး အခ်က္အလက္အျပည့္စုံကို သိရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Redmi Y3 စမတ်ဖုန်းကို Tease လုပ်လာတာ အနည်းငယ်ကြာခဲ့ပြီဖြစ်ပြီး 32MP ဆယ်ဖီကင်မရာတစ်လုံး အပါအဝင် ကင်မရာစွမ်းရည်ကို ဦးစားပေးကြေငြာနေခဲ့တာပါ။ ဒီဖုန်းမှာ Texture စတိုင် အရောင်ပြေးနောက်ကျော၊ Dual-camera အတွဲနဲ့ Fingerprint စတာတွေကို အရင် Teaser တွေမှာ မြင်တွေ့ခဲ့ရပြီးပါပြီ။ ဧပြီလ ၂၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမယ့်ဖုန်းဟာ နှစ်ရက်အလိုမှာ Geekbench ပေါ်သို့ တက်ရောက်စမ်းသပ်ခံခဲ့တာကိုတွေ့ရပါတယ်။

ဒီဖုန်းဟာ အနည်းငယ်သက်တမ်းရနေပြီဖြစ်တဲ့ Snapdragon 625 ချစ်ပ်ဆက်၊ 3GB RAM မန်မိုရီတို့နဲ့ မြင်တွေ့ရပါတယ်။ SD625 ဟာ ၂၀၁၆ ထဲက ထွက်ရှိခဲ့တဲ့ ပရိုဆက်ဆာဖြစ်ပြီး Redmi Note 4 နဲ့ မနှစ်က Redmi Y2 ဖုန်းတွေမှာလည်း လူကြိုက်များခဲ့တယ်။ Redmi 7 မှာတွေ့ရတဲ့ SD 632 ဟာပိုပြီး ခေတ်မီမှာဖြစ်ပေမယ့် SD625 နဲ့ထွက်လာတဲ့ Y3 ဟာ ပိုဈေးချိုသာနိုင်ပါတယ်။ Y3 မှာ Android Pie ကိုအခြေခံထားတဲ့ MIUI 10 နဲ့ အသုံးပြုရမှာပါ။

Redmi Y3 ဖုန်းသစ်ဟာ Geekbench မှာတော့ Single-core အတွက် 1236 နဲ့ Multi-core စမ်းသပ်မှု အတွက် 4213 ရမှတ်အသီးသီးရှိတာကြောင့် Redmi 7 နဲ့တန်းတူလောက်ပါပဲ။ သူတို့ဖုန်းနှစ်လုံးအကြားမှာ ထပ်တူတာက 4,000 mAh ဘက္ထရီကိုပဲ သုံးစွဲထားတာပါ။

ဒါကြောင့် Y3 ဖုန်းဟာ အိန္ဒိယလို ဈေးကွက်တွေမှာ ပရိုဆက်ဆာပြောင်းလဲပြီး Redmi 7 Pro အဖြစ် မိတ်ဆက်လာမယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့်တစ်ရက်နှစ်ရက်အတွင်းမှာ Redmi Y3 မိတ်ဆက်လာတာကို ကြည့်ပြီး အချက်အလက်အပြည့်စုံကို သိရတော့မှာပါ။

Ref – GSM Arena