[Zawgyi]

Xiaomi ရဲ႕အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi ဟာ သူတုိ႔ရဲ႕ Redmi Y3 ဖုန္းအသစ္ကို လာမယ့္ဧၿပီလ ၂၄ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာပါ။ ကုမၸဏီက ဒီဖုန္းမွာ 32MP ဆယ္ဖီကင္မရာနဲ႔ Waterdrop Notch တစ္ခုတုိ႔ ပါမယ္ဆုိတာ Tease လုပ္ထားခဲ့ၿပီးသားပါ။ အခုထပ္ၿပီး ဆယ္ဖီကင္မရာအသားေပးဖုန္းရဲ႕ အခ်က္အလက္ တခ်ဳိ႕ကို ထပ္မံမိတ္ဆက္လာျပန္ပါတယ္။

Redmi India ဟာ သူတုိ႔ရဲ႕တြစ္တာေပၚမွာ Redmi Y3 ရဲ႕ 4,000 mAh ဘကၳရီႀကီးကို ထပ္မံျပသခဲ့ၿပီး ဒါဟာ ယခင္ Redmi Y2 မွာပါဝင္ခဲ့တဲ့ 3,080 mAh ပမာဏထက္ အလြန္သိသာတဲ့ တုိးျမွင့္မႈတစ္ခု ျဖစ္ပါတယ္။

ဘကၳရီအျပင္ Redmi ရဲ႕ဆုိရွယ္စာမ်က္ႏွာမွာ Y3 ဖုန္းရဲ႕ Gradient ဒီဇုိင္းကိုျမင္ရမယ့္ ေနာက္ေက်ာဘက္ ဓါတ္ပုံကိုပါ တစ္စြန္းတစ ျပသလာခဲ့ပါတယ္။ Redmi Y3 ဖုန္းမွာ Fingerprint နဲ႔ ေနာက္ကင္မရာေတြကိုေတာ့ Amazon အိႏၵိယဝက္ဆုိက္မွာ အတည္ျပဳခဲ့ၿပီးပါၿပီ။

ဒါ့အျပင္ Y3 ဟာ ေရစုိဒဏ္ကိုလည္း ခံႏုိင္ရည္ရွိမယ္လို႔ ေၾကျငာထားတာေၾကာင့္ မေတာ္တဆ ေရဖိတ္စင္တာမ်ဳိးကို ပူပင္စရာ မလိုေတာ့ပါဘူး။ Redmi Y3 ဟာ မၾကာခင္မွာ မိတ္ဆက္လာေတာ့မွာျဖစ္လို႔ ရက္နည္းနည္းေလာက္ ေစာင့္စားလုိက္ရင္ ေစ်းႏႈန္းအပါအဝင္ အခ်က္အလက္အျပည့္စုံကို သိရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

Xiaomi ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi ဟာ သူတို့ရဲ့ Redmi Y3 ဖုန်းအသစ်ကို လာမယ့်ဧပြီလ ၂၄ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။ ကုမ္ပဏီက ဒီဖုန်းမှာ 32MP ဆယ်ဖီကင်မရာနဲ့ Waterdrop Notch တစ်ခုတို့ ပါမယ်ဆိုတာ Tease လုပ်ထားခဲ့ပြီးသားပါ။ အခုထပ်ပြီး ဆယ်ဖီကင်မရာအသားပေးဖုန်းရဲ့ အချက်အလက် တချို့ကို ထပ်မံမိတ်ဆက်လာပြန်ပါတယ်။

Redmi India ဟာ သူတို့ရဲ့တွစ်တာပေါ်မှာ Redmi Y3 ရဲ့ 4,000 mAh ဘက္ထရီကြီးကို ထပ်မံပြသခဲ့ပြီး ဒါဟာ ယခင် Redmi Y2 မှာပါဝင်ခဲ့တဲ့ 3,080 mAh ပမာဏထက် အလွန်သိသာတဲ့ တိုးမြှင့်မှုတစ်ခု ဖြစ်ပါတယ်။

ဘက္ထရီအပြင် Redmi ရဲ့ဆိုရှယ်စာမျက်နှာမှာ Y3 ဖုန်းရဲ့ Gradient ဒီဇိုင်းကိုမြင်ရမယ့် နောက်ကျောဘက် ဓါတ်ပုံကိုပါ တစ်စွန်းတစ ပြသလာခဲ့ပါတယ်။ Redmi Y3 ဖုန်းမှာ Fingerprint နဲ့ နောက်ကင်မရာတွေကိုတော့ Amazon အိန္ဒိယဝက်ဆိုက်မှာ အတည်ပြုခဲ့ပြီးပါပြီ။

ဒါ့အပြင် Y3 ဟာ ရေစိုဒဏ်ကိုလည်း ခံနိုင်ရည်ရှိမယ်လို့ ကြေငြာထားတာကြောင့် မတော်တဆ ရေဖိတ်စင်တာမျိုးကို ပူပင်စရာ မလိုတော့ပါဘူး။ Redmi Y3 ဟာ မကြာခင်မှာ မိတ်ဆက်လာတော့မှာဖြစ်လို့ ရက်နည်းနည်းလောက် စောင့်စားလိုက်ရင် ဈေးနှုန်းအပါအဝင် အချက်အလက်အပြည့်စုံကို သိရတော့မှာပါ။

Ref – GSM Arena