[Zawgyi]

Xiaomi အေနနဲ႔ လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေမလတုန္းက Redmi စီးရီးအသစ္ တစ္မ်ိဴးကို မိတ္ဆက္ခဲ့ဖူးပါတယ္။ အဆိုပါ စီးရီးကေတာ့ S စီးရီးျဖစ္ၿပီး၊ Redmi S2 နဲ႔ ပထမဦးဆုံး ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ အပါအဝင္ ျပည္ပႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ Redmi S2 နာမည္နဲ႔ မိတ္ဆက္ခဲ့ေပမယ့္ အိႏၵိယႏိုင္ငံမွာေတာ့ Redmi Y2 ဆိုၿပီး မိတ္ဆက္ခဲ့တာပါ။

Redmi S2 (Y2)

ယခုအခါမွာေတာ့ Redmi Y2 ရဲ႕ မ်ိဴးဆက္သစ္လို႔ ယူဆရတဲ့ စမတ္ဖုန္း တစ္လုံးဟာ Redmi Y3 နာမည္နဲ႔ Wi-Fi Certification ဝက္ဆိုက္ကေန တစ္ဆင့္ ထြက္ေပၚလာပါၿပီ။ ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြအရဆိုရင္ Redmi Y3 ရဲ႕ ေမာ္ဒယ္နံပါတ္ဟာ M1810F6G ျဖစ္ၿပီး 2.4GHz ရွိတဲ့ Wi-Fi ကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Operating System အပိုင္းအတြက္ Android 9 Pie ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး MIUI 10 နဲ႔ ျပန္လည္ ဆန္းသစ္ထားေၾကာင္းကိုလည္း ေဖာ္ျပထားပါေသးတယ္။

Redmi Y3 နဲ႔ ပတ္သတ္ၿပီး တျခားေသာ အခ်က္အလက္ေတြကေတာ့ အခုခ်ိန္ထိ တိတိက်က် မသိရေသးပါဘူး။ ဒါေပမယ့္ Redmi Y2 မွာတုန္းက Snapdragon 625 SoC ကို အသုံးျပဳခဲ့တာေၾကာင့္ အခု Y3 မွာ Snapdragon 632 SoC ကို အသုံးျပဳႏိုင္တယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ Redmi Y2 ထက္ ပိုမိုေကာင္းမြန္တဲ့ Dual Camera, Selfie Camera, Rear-mounted Fingerprint Sensor နဲ႔ ပိုမိုႀကီးမားတဲ့ ဘက္ထရီပမာဏေတြကိုလည္း Redmi Y3 မွာ အသုံးျပဳထားႏိုင္ပါတယ္။ ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕ကေတာ့ Redmi Y3 ဟာ Redmi 7 နဲ႔ ေစ်းသိပ္မကြာဘဲ Redmi Note 7 ထက္ ေစ်းနည္းႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Wi-Fi Certification ဝက်ဆိုက်ကနေ တစ်ဆင့် ပေါ်ထွက်လာခဲ့တဲ့ Redmi Y3

Xiaomi အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် မေလတုန်းက Redmi စီးရီးအသစ် တစ်မျိူးကို မိတ်ဆက်ခဲ့ဖူးပါတယ်။ အဆိုပါ စီးရီးကတော့ S စီးရီးဖြစ်ပြီး၊ Redmi S2 နဲ့ ပထမဦးဆုံး ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတော်တော်များများမှာ Redmi S2 နာမည်နဲ့ မိတ်ဆက်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံမှာတော့ Redmi Y2 ဆိုပြီး မိတ်ဆက်ခဲ့တာပါ။

Redmi S2 (Y2)

ယခုအခါမှာတော့ Redmi Y2 ရဲ့ မျိူးဆက်သစ်လို့ ယူဆရတဲ့ စမတ်ဖုန်း တစ်လုံးဟာ Redmi Y3 နာမည်နဲ့ Wi-Fi Certification ဝက်ဆိုက်ကနေ တစ်ဆင့် ထွက်ပေါ်လာပါပြီ။ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရဆိုရင် Redmi Y3 ရဲ့ မော်ဒယ်နံပါတ်ဟာ M1810F6G ဖြစ်ပြီး 2.4GHz ရှိတဲ့ Wi-Fi ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Operating System အပိုင်းအတွက် Android 9 Pie ကို ထည့်သွင်းမောင်းနှင်ထားပြီး MIUI 10 နဲ့ ပြန်လည် ဆန်းသစ်ထားကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

Redmi Y3 နဲ့ ပတ်သတ်ပြီး တခြားသော အချက်အလက်တွေကတော့ အခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် Redmi Y2 မှာတုန်းက Snapdragon 625 SoC ကို အသုံးပြုခဲ့တာကြောင့် အခု Y3 မှာ Snapdragon 632 SoC ကို အသုံးပြုနိုင်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Redmi Y2 ထက် ပိုမိုကောင်းမွန်တဲ့ Dual Camera, Selfie Camera, Rear-mounted Fingerprint Sensor နဲ့ ပိုမိုကြီးမားတဲ့ ဘက်ထရီပမာဏတွေကိုလည်း Redmi Y3 မှာ အသုံးပြုထားနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ Redmi Y3 ဟာ Redmi 7 နဲ့ စျေးသိပ်မကွာဘဲ Redmi Note 7 ထက် စျေးနည်းနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina