[Unicode]

Redmi က တရုတ်မှာ RedmiBook 13 ကို ကြေညာလိုက်ပါပြီ။ RedmiBook 13 ရဲ့ မျက်နှာပြင်ဘေးဘောင်တွေဟာ အရမ်းပါးလွှာပြီး ဒီဇိုင်းကလည်း အရမ်းမိုက်ပါတယ်။ ၁၃.၃ လက်မ Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Screen-to-body Ratio က ၈၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လက်ပ်တော့ရဲ့ အရွယ်အစားဟာ A4 စာရွက်အရွယ်အစားထက်တောင် သေးငယ်ပြီး A4 စာရွက်ရဲ့ ၉၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အလွန်အကျွံ သုံးရင်တောင် အပူချိန် မတက်စေမယ့် အဆင့်မြင့် Cooling System ပါပါတယ်။ Hurricane Cooling System လို့ နာမည်ပေးထားပြီး ၆ မီလီမီတာ အချင်းရှိတဲ့ Double Heat Pipe ထည့်ထားပါတယ်။ အမြင့်ဆုံး အနေနဲ့ အပူချိန် ၇၀ ရာခိုင်နှုန်းကို ဖယ်ရှားပေးပါတယ်။ Microsoft Windows 10 Home မောင်းနှင်ထားပြီး Office Student Edition ထည့်ပေးထားပါတယ်။

RedmiBook 13 ကို မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး အားလုံးမှာ 10th Generation Intel Core Processors တွေ ထည့်သွင်းထားပါတယ်။ ဘက်ထရီသက်တမ်းက ၁၁ နာရီ ဖြစ်ပြီး ၃၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၁၂ ရက်နေ့မှာ ရောင်းမှာပါ။

• Core i5 + 8GB RAM + 512GB SSD : 4,199 yuan (၈၉၀,၀၀၀ ဝန်းကျင်)
• Core i5 + 8GB RAM + 512GB SSD + MX250: 4,499 yuan (၉၆၀,၀၀၀ ဝန်းကျင်)
• Core i7 + 8GB RAM + 512GB SSD + MX250: 5,199 yuan (၁,၁၁၀,၀၀၀ ဝန်းကျင်)

Ref : gizmochina

[Zawgyi]

RedmiBook 13 ကို တရုတ္မွာ ေၾကညာလိုက္ၿပီ

Redmi က တ႐ုတ္မွာ RedmiBook 13 ကို ေၾကညာလိုက္ပါၿပီ။ RedmiBook 13 ရဲ႕ မ်က္ႏွာျပင္ေဘးေဘာင္ေတြဟာ အရမ္းပါးလႊာၿပီး ဒီဇိုင္းကလည္း အရမ္းမိုက္ပါတယ္။ ၁၃.၃ လက္မ Full HD+ မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး Screen-to-body Ratio က ၈၉ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ လက္ပ္ေတာ့ရဲ႕ အ႐ြယ္အစားဟာ A4 စာ႐ြက္အ႐ြယ္အစားထက္ေတာင္ ေသးငယ္ၿပီး A4 စာ႐ြက္ရဲ႕ ၉၆ ရာခိုင္ႏႈန္းပဲ ရွိတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

အလြန္အကြ်ံ သံုးရင္ေတာင္ အပူခ်ိန္ မတက္ေစမယ့္ အဆင့္ျမင့္ Cooling System ပါပါတယ္။ Hurricane Cooling System လို႔ နာမည္ေပးထားၿပီး ၆ မီလီမီတာ အခ်င္းရွိတဲ့ Double Heat Pipe ထည့္ထားပါတယ္။ အျမင့္ဆံုး အေနနဲ႔ အပူခ်ိန္ ၇၀ ရာခုိင္ႏႈန္းကို ဖယ္ရွားေပးပါတယ္။ Microsoft Windows 10 Home ေမာင္းႏွင္ထားၿပီး Office Student Edition ထည့္ေပးထားပါတယ္။

RedmiBook 13 ကို ေမာ္ဒယ္ ၃ မ်ိဳး ထုတ္လုပ္ထားၿပီး အားလံုးမွာ 10th Generation Intel Core Processors ေတြ ထည့္သြင္းထားပါတယ္။ ဘက္ထရီသက္တမ္းက ၁၁ နာရီ ျဖစ္ၿပီး ၃၅ မိနစ္အတြင္း ၅၀ ရာခုိင္ႏႈန္း အားသြင္းေပးပါတယ္။ တရုတ္မွာ ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ၁၂ ရက္ေန႔မွာ ေရာင္းမွာပါ။

• Core i5 + 8GB RAM + 512GB SSD : 4,199 yuan (၈၉၀,၀၀၀ ၀န္းက်င္)
• Core i5 + 8GB RAM + 512GB SSD + MX250: 4,499 yuan (၉၆၀,၀၀၀ ၀န္းက်င္)
• Core i7 + 8GB RAM + 512GB SSD + MX250: 5,199 yuan (၁,၁၁၀,၀၀၀ ၀န္းက်င္)

Ref : gizmochina