[Zawgyi]

RedmiBook 14 Pro ကို တရား၀င္ ေၾကညာလိုက္ပါၿပီ။ အဲဒီ လက္ပ္ေတာ့မွာ Processor ကို အဆင့္ျမွင့္ထားတာကလြဲၿပီး အျခား အစိတ္အပိုင္းေတြက ပထမမ်ိဳးဆက္ RedmiBook 14 နဲ႔ တူပါတယ္။ မူလေမာ္ဒယ္ရဲ႕ ေငြေရာင္ အျပင္ ေမာ္ဒယ္ အသစ္အတြက္  အညိဳနဲ႔ ပန္းေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

RedmiBook 14 Pro မွာ 10th Gen Intel Core Processor ထည့္သြင္းထားၿပီး ေမာ္ဒယ္ ၃ ခု ထုတ္လုပ္ထားပါတယ္။ အေျခခံ ေမာ္ဒယ္မွာ Intel Core i5 (10210U) CPU , 8GB RAM နဲ႔ 256GB SSD Storage ေတြပါၿပီး ယြမ္ ၃,၉၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၈၅၀,၀၀၀ ေလာက္ရွိပါတယ္။ စြမ္းရည္သင့္ ေမာ္ဒယ္မွာ တူညီတဲ့ Intel Core i5 (10210U) CPU , 8GB RAM နဲ႔ 512GB SSD Storage ေတြ ပါပါတယ္။ ယြမ္ ၄,၄၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၉၅၀,၀၀၀ ေလာက္ရွိပါတယ္။

စြမ္းရည္ အျမင့္ဆံုး ေမာ္ဒယ္မွာ 10th Gen Intel Core i7 (10510U)  Processor , 8GB RAM နဲ႔ 512GB SSD Storage ေတြ ထည့္သြင္းထားၿပီး ယြမ္ ၄,၉၉၉ သတ္မွတ္ထားပါတယ္။  ျမန္မာေငြ ၁,၀၆၀,၀၀၀ ေလာက္က်သင့္မွာပါ။ တရုတ္မွာ 10th Gen Intel Processor ပါတဲ့ ေမာ္ဒယ္ကို စက္တင္ဘာလ ၆ ရက္မွာ ေရာင္းမွာပါ။ ေမာ္ဒယ္ ၃ ခုစလံုးမွာ Nvidia MX250 GPU နဲ႔ 2GB GDDR5 Memory ကို Graphics Processing အတြက္ ထည့္သြင္းထားပါတယ္။

RedmiBook 14 Pro မွာ ၁၄ လက္မ Full HD Display ထည့္သြင္းထားၿပီး 178-Degree Viewing Angle ကို ပံ့ပိုးေပးပါတယ္။ အျမင့္ဆံုး Brightness မွာ 250 nits ရွိပါတယ္။ 46W Battery ထည့္သြင္းထားၿပီး ၃၅ မိနစ္မွာ ၅၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ အားအျပည့္သြင္းထားရင္ ၁၀ နာရီ အသံုးခံပါတယ္။ USB 3.0 Port ၂ ခု၊ USB 2.0 Port ၁ ခု၊ HDMI Port ၁ ခုနဲ႔ 3.5mm Headphone Jack ေတြ ပါပါတယ္။

Ref : gadgets.ndtv

[Unicode]

10th Gen Intel Core Processor ပါတဲ့ RedmiBook 14 Pro ကို ကြေညာ

RedmiBook 14 Pro ကို တရားဝင် ကြေညာလိုက်ပါပြီ။ အဲဒီ လက်ပ်တော့မှာ Processor ကို အဆင့်မြှင့်ထားတာကလွဲပြီး အခြား အစိတ်အပိုင်းတွေက ပထမမျိုးဆက် RedmiBook 14 နဲ့ တူပါတယ်။ မူလမော်ဒယ်ရဲ့ ငွေရောင် အပြင် မော်ဒယ် အသစ်အတွက် အညိုနဲ့ ပန်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

RedmiBook 14 Pro မှာ 10th Gen Intel Core Processor ထည့်သွင်းထားပြီး မော်ဒယ် ၃ ခု ထုတ်လုပ်ထားပါတယ်။ အခြေခံ မော်ဒယ်မှာ Intel Core i5 (10210U) CPU , 8GB RAM နဲ့ 256GB SSD Storage တွေပါပြီး ယွမ် ၃,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၅၀,၀၀၀ လောက်ရှိပါတယ်။ စွမ်းရည်သင့် မော်ဒယ်မှာ တူညီတဲ့ Intel Core i5 (10210U) CPU , 8GB RAM နဲ့ 512GB SSD Storage တွေ ပါပါတယ်။ ယွမ် ၄,၄၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၉၅၀,၀၀၀ လောက်ရှိပါတယ်။

စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 10th Gen Intel Core i7 (10510U) Processor , 8GB RAM နဲ့ 512GB SSD Storage တွေ ထည့်သွင်းထားပြီး ယွမ် ၄,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁,၀၆၀,၀၀၀ လောက်ကျသင့်မှာပါ။ တရုတ်မှာ 10th Gen Intel Processor ပါတဲ့ မော်ဒယ်ကို စက်တင်ဘာလ ၆ ရက်မှာ ရောင်းမှာပါ။ မော်ဒယ် ၃ ခုစလုံးမှာ Nvidia MX250 GPU နဲ့ 2GB GDDR5 Memory ကို Graphics Processing အတွက် ထည့်သွင်းထားပါတယ်။

RedmiBook 14 Pro မှာ ၁၄ လက်မ Full HD Display ထည့်သွင်းထားပြီး 178-Degree Viewing Angle ကို ပံ့ပိုးပေးပါတယ်။ အမြင့်ဆုံး Brightness မှာ 250 nits ရှိပါတယ်။ 46W Battery ထည့်သွင်းထားပြီး ၃၅ မိနစ်မှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ အားအပြည့်သွင်းထားရင် ၁၀ နာရီ အသုံးခံပါတယ်။ USB 3.0 Port ၂ ခု၊ USB 2.0 Port ၁ ခု၊ HDMI Port ၁ ခုနဲ့ 3.5mm Headphone Jack တွေ ပါပါတယ်။

Ref : gadgets.ndtv