[Zawgyi]

Xiaomi ဟာ Redmi K20 ကို ေၾကညာတာနဲ႔တစ္ပါတည္း ေနာက္ထပ္ ထုတ္ကုန္သစ္တစ္မ်ိဳးကိုလည္း ေၾကညာခဲ့ပါတယ္။ Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi ဟာ 14-inch Laptop ကိုလည္း မိတ္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ အခ်က္အလက္ေတြအရေတာ့ Xiaomi ရဲ႕ ထုံးစံအတိုင္း ေငြကုန္ေၾကးက်သိပ္မမ်ားဘဲ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ရႏိုင္တယ္လို႔ ဆိုရမွာပါ။

ၾကည့္ရတာကေတာ့ Redmi ဟာ သူ႔ရဲ႕ Notebook ေတြကို တြက္ခ်က္ေ႐ြးခ်ယ္မႈအရ ပထမဦးစားေပးေနရာမွာပဲ ရွိေစခ်င္တဲ့ နည္းလမ္းအတိုင္းပဲ ဆက္လက္ေလွ်ာက္လမ္းမယ့္ပုံစံ ျဖစ္ပါတယ္။ RedmiBook 14 ဟာ 14-inch မ်က္ႏွာျပင္ကို Full HD (1920 x 1080px) IPS panel နဲ႔ ျဖစ္ပါတယ္။ ပါးလ်တဲ့ bezels ေတြေၾကာင့္ screen-to-bodyအခ်ိဳးက 81.2% ျဖစ္ပါတယ္။

ေ႐ြးခ်ယ္ဖို႔အတြက္ 8th Generation ultra-low voltage Core i7 နဲ႔ Core i5 chips (Core i7-8565U or Core i5-8265U) ဆိုၿပီး ရွိပါတယ္။ ဒါေပမယ့္ ဘယ္ Configuration ပဲျဖစ္ျဖစ္ 2GB of GDDR5 memory နဲ႔ NVIDIA GeForce MX250 ကိုရရွိမွာ ျဖစ္ပါတယ္။ i7 နဲ႔ i5 ႏွစ္မ်ိဳးစလုံးမွာ 512GB of SATA SSD storage နဲ႔ 8GB of DDR4-2400 RAM နဲ႔ထုတ္ထားေပမယ့္ ပိုသက္သာတဲ့အမ်ိဳးအစားအျဖစ္ i5 ကို 256GB of SATA SSD storage/ 8GB of DDR4-2400 RAM နဲ႔လည္း ရရွိႏိုင္ပါေသးတယ္။

RedmiBook 14 မွာ 46Wh ဘက္ထရီကို အသုံးျပဳထားၿပီး USB 3.0 ႏွစ္ေပါက္၊ USB 2.0 တစ္ေပါက္နဲ႔ 3.5 mm audio jack, HDMI 1.4 တို႔ပါဝင္ပါတယ္။ ေကာင္းမြန္တယ္လို႔ေျပာရတဲ့အခ်က္ေတြထဲက တစ္ခ်က္ကေတာ့ RedmiBook 14 ဟာ Anodized Aluminum နဲ႔ ျပဳလုပ္ထားၿပီး အေတာ္ေလးကို ပါးလႊာတာပဲ ျဖစ္ပါတယ္။ 18mm ေအာက္သာ ထူတဲ့ RedmiBook 14 ဟာ အေလးခ်ိန္ 1.5kg ပဲ ရွိတာပါ။

ေဈးႏႈန္းကေတာ့ Core i5 and 256GB of SSD အတြက္ CNY 3,999 ($580) ၈ သိန္း ၉ ေသာင္းဝန္းက်င္ ကေနစတင္ပါတယ္။ ေနာက္ထပ္ CNY 300 ၆ ေသာင္း ၇ ေထာင္ဝန္းက်င္ ထပ္ၿပီးအကုန္အက်ခံမယ္ဆိုရင္ေတာ့ 512GB SSD configuration ကိုရပါမယ္။ ဒါမွမဟုတ္ 512GB SSD နဲ႔ Core i7 model ကို သြားမယ္ဆိုရင္ေတာ့ CNY 4999 ($720) ၁၁ သိန္း ၂ ေသာင္းဝန္းက်င္ က်သင့္မယ္လို႔ သိရပါတယ္။ ဝမ္းနည္းစရာေကာင္းတာကေတာ့ RedmiBook 14 တ႐ုတ္ႏိုင္ငံျပင္ပမွာ ေရာင္းခ်မွာမဟုတ္တာပါပဲ။

Ref: GSMArena

[Unicode]

အရည်အသွေးမြင့်၊ တန်ဖိုးသင့် RedmiBook 14 ကိုမိတ်ဆက်လိုက်တဲ့ Redmi

Xiaomi ဟာ Redmi K20 ကို ကြေညာတာနဲ့တစ်ပါတည်း နောက်ထပ် ထုတ်ကုန်သစ်တစ်မျိုးကိုလည်း ကြေညာခဲ့ပါတယ်။ Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi ဟာ 14-inch Laptop ကိုလည်း မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အချက်အလက်တွေအရတော့ Xiaomi ရဲ့ ထုံးစံအတိုင်း ငွေကုန်ကြေးကျသိပ်မများဘဲ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရနိုင်တယ်လို့ ဆိုရမှာပါ။

ကြည့်ရတာကတော့ Redmi ဟာ သူ့ရဲ့ Notebook တွေကို တွက်ချက်ရွေးချယ်မှုအရ ပထမဦးစားပေးနေရာမှာပဲ ရှိစေချင်တဲ့ နည်းလမ်းအတိုင်းပဲ ဆက်လက်လျှောက်လမ်းမယ့်ပုံစံ ဖြစ်ပါတယ်။ RedmiBook 14 ဟာ 14-inch မျက်နှာပြင်ကို Full HD (1920 x 1080px) IPS panel နဲ့ ဖြစ်ပါတယ်။ ပါးလျတဲ့ bezels တွေကြောင့် screen-to-bodyအချိုးက 81.2% ဖြစ်ပါတယ်။

ရွေးချယ်ဖို့အတွက် 8th Generation ultra-low voltage Core i7 နဲ့ Core i5 chips (Core i7-8565U or Core i5-8265U) ဆိုပြီး ရှိပါတယ်။ ဒါပေမယ့် ဘယ် Configuration ပဲဖြစ်ဖြစ် 2GB of GDDR5 memory နဲ့ NVIDIA GeForce MX250 ကိုရရှိမှာ ဖြစ်ပါတယ်။ i7 နဲ့ i5 နှစ်မျိုးစလုံးမှာ 512GB of SATA SSD storage နဲ့ 8GB of DDR4-2400 RAM နဲ့ထုတ်ထားပေမယ့် ပိုသက်သာတဲ့အမျိုးအစားအဖြစ် i5 ကို 256GB of SATA SSD storage/ 8GB of DDR4-2400 RAM နဲ့လည်း ရရှိနိုင်ပါသေးတယ်။

RedmiBook 14 မှာ 46Wh ဘက်ထရီကို အသုံးပြုထားပြီး USB 3.0 နှစ်ပေါက်၊ USB 2.0 တစ်ပေါက်နဲ့ 3.5 mm audio jack, HDMI 1.4 တို့ပါဝင်ပါတယ်။ ကောင်းမွန်တယ်လို့ပြောရတဲ့အချက်တွေထဲက တစ်ချက်ကတော့ RedmiBook 14 ဟာ Anodized Aluminum နဲ့ ပြုလုပ်ထားပြီး အတော်လေးကို ပါးလွှာတာပဲ ဖြစ်ပါတယ်။ 18mm အောက်သာ ထူတဲ့ RedmiBook 14 ဟာ အလေးချိန် 1.5kg ပဲ ရှိတာပါ။

ဈေးနှုန်းကတော့ Core i5 and 256GB of SSD အတွက် CNY 3,999 ($580) ၈ သိန်း ၉ သောင်းဝန်းကျင် ကနေစတင်ပါတယ်။ နောက်ထပ် CNY 300 ၆ သောင်း ၇ ထောင်ဝန်းကျင် ထပ်ပြီးအကုန်အကျခံမယ်ဆိုရင်တော့ 512GB SSD configuration ကိုရပါမယ်။ ဒါမှမဟုတ် 512GB SSD နဲ့ Core i7 model ကို သွားမယ်ဆိုရင်တော့ CNY 4999 ($720) ၁၁ သိန်း ၂ သောင်းဝန်းကျင် ကျသင့်မယ်လို့ သိရပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ RedmiBook 14 တရုတ်နိုင်ငံပြင်ပမှာ ရောင်းချမှာမဟုတ်တာပါပဲ။

Ref: GSMArena