Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi က စမတ်ဖုန်း အပြင် တခြား ထုတ်ကုန်တွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ မကြာခင်ကပဲ AMD Ryzen Chipset ပါတဲ့ RedmiBook Laptop 13, 14 နဲ့ 16 ကို ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက တရုတ်မှာ Laptop အသစ်တွေကို ချပြတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Intel Processor ပါတဲ့ RedmiBook 16 Model တွေကို ၈ ရက်နေ့ ကြေညာမယ်လို့ Redmi က သတင်းပေးလိုက်ပါတယ်။

အဲဒီ RedmiBook 16 မှာ 10nm Process နဲ့ တည်ဆောက်ထားတဲ့ နောက်ဆုံးထုတ် 10th Gen Intel Core i7 Processor တွေ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ Redmi က Chipset ကလွဲပြီး တခြား သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် AMD Ryzen 4000 Series RedmiBook 16 တွေရဲ့ Specs တွေကိုပဲ Model အသစ်တွေမှာ ထည့်သွင်းထားနိုင်ပါတယ်။

8/16GB RAM နဲ့ 512GB SSD တွေ  ထည့်သွင်းထားနိုင်ပြီး GPU ကိုတော့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Screen-to-body Ratio ကောင်းမွန်နိုင်ပြီး ဘက်ထရီ သက်တမ်း လန်းအောင် ဖန်တီးထားနိုင်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Ryzen 4000 Series RedmiBook 13 ရဲ့ တန်ဖိုးအနည်းဆုံး Model ကို ၃,၇၉၉ ယွမ်နဲ့ RedmiBook 16 ရဲ့ တန်ဖိုးအများဆုံး Model ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၄ သောင်းနဲ့ ၈ သိန်း ၇ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။ Intel CPU ပါတဲ့ RedmiBook 16 ဟာ ၃,၉၉၉ ယွမ် အထက်ကနေ စနိုင်ပါတယ်။

Ref : gizmochina