Xiaomi ဟာ ပြီးခဲ့တဲ့ ၁ ပတ်က နောက်ဆုံးထုတ် 11th Gen Intel Core Processor ပါတဲ့ RedmiBook Pro လက်ပ်တော့ကို ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက RedmiBook Pro ကို နောက်လမှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ မကြာခင်က သတင်းတွေအရ RedmiBook Pro 15 လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။

RedmiBook Pro coming in February

RedmiBook Pro 15 ရဲ့ Specs အသေးစိတ်ကို မသိရသေးပေမယ့် 11th Gen Core i5 or i7 Version တွေ ထုတ်လုပ်ထားမယ်လို့ Geekbench 5 က စာရင်းအရ သိရပါတယ်။ အဲဒီမှာ Core i5-11300H CPU နဲ့ Core i7-11370H CPU Version တွေကို ဖော်ပြထားပြီး ၂ လုံးစလုံးမှာ 16GB RAM နဲ့ Windows 10 OS ထည့်သွင်းထားမှာပါ။

Laptops RedmiBook Pro 15 and Pro 15S declassified before the announcement

နောက် သတင်း ၁ ပုဒ်အရ RedmiBook 15S မော်ဒယ်မှာ AMD Ryzen Processor တွေ ထည့်သွင်းထားမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ Ryzen 5 5600H CPU Version မှာ 8GB / 16GB RAM နဲ့ Ryzen 7 5800H Version မှာ 16GB RAM တွေ ပါလာနိုင်ပါတယ်။

Redmi ဟာ K40 Series ကို နောက်လမှာ ကြေညာနိုင်ပြီး အဲဒီပွဲမှာပဲ RedmiBook Pro 15 လက်ပ်တော့ကို ချပြနိုင်ပါတယ်။ Redmi K40 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂,၉၉၉ ယွမ် ရှိပြီး ၆ သိန်း ၂ သောင်းလောက် တန်ကြေးရှိပါတယ်။ Snapdragon 888 Chipset , 120Hz Refresh Rate နဲ့ 4,000mAh ဘက်ထရီတွေ ထည့်သွင်းထားနိုင်ပါတယ်။ SD888 ပါတဲ့ K40 မော်ဒယ် ၂ လုံး ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

နောက်လကတော့ Xiaomi အတွက် အလုပ်များမှာပါ။ Xiaomi Mi 11 Pro ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပြီး Mi 11 ထက် ပိုကောင်းတဲ့ ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ တချို့ သတင်းတွေအရ Mi 11 Pro ဟာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်း ဖြစ်နိုင်ပါတယ်။

Ref : gizmochina