Xiaomi ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ထုတ်လုပ်နေပေမယ့်လည်း Mid Range ဖုန်းတွေပဲ များပြားနေပြီးတော့ Flagship ဖုန်းအနေနဲ့ဆိုရင် Mi 10 Series ဖုန်းတွေနဲ့ Redmi K30 Pro ဖုန်းတွေပဲရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိသိရတဲ့သတင်းအရတော့ နောက်ထပ် Redmi Flagship စမတ်ဖုန်းတစ်လုံးကို မကြာခင်မြင်ရတော့မှာပါ။

အဆိုပါ Redmi Flagship ဖုန်းသစ်ဟာ ထူးခြားချက်အနေနဲ့ Qualcomm Snapdragon Processor တွေကိုအသုံးပြုသွားမှာမဟုတ်ဘဲ MediaTek Processor ကိုပြောင်းလဲအသုံးပြုသွားမှာပါ။ ဒါပေမယ့်လည်း လက်ရှိ MediaTek ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး Dimensity 1000+ Chipset ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာအားနည်းသွားမှာတော့မဟုတ်ပါဘူး။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ လက်ရှိ Redmi K30 Series ဖုန်းတွေလိုမျိုးပဲ 120Hz LCD Display ကိုအသုံးပြုလာမှာဖြစ်ပြီး Battery Capacity အနေနဲ့လည်း 4500mAh Battery ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ သတင်းကို နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်နိုင်တာတစ်ခုကတော့ Redmi K30 Design ကိုပဲ Flagship Specification နဲ့ ထွက်ရှိလာနိုင်ပြီးတော့ Selfie Camera ကိုတော့ Punch-hole အစား Pop-up Design နဲ့ပဲ မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။ Redmi ကနေ K40 Series ကိုလည်း မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိနေတဲ့အတွက် အဆိုပါ ဖုန်းဟာ Redmi K40 လည်းဖြစ်လာနိုင်ပါသေးတယ်။

Ref – Giz China