[Zawgyi]

ဓာတ္ပုံ တစ္ပုံရဲ႕ ေနာက္ခံ Background ေတြကို မႀကိဳက္လို႔ ျဖစ္ေစ၊ မလွလို႔ ျဖစ္ေစ ဖယ္ရွားခ်င္ရင္ ေတာ္ေတာ္ေလးကို အလုပ္ရႈပ္ပါတယ္။ အခုေနာက္ပိုင္း Photo Editing Application ေတြက အဆင္ျမင့္လာၿပီဆိုေပမယ့္ Background ဖယ္ရွားခ်င္ရင္ Manual လုပ္ရတာမ်ိဴးေတြက အလုပ္ရႈပ္သလို အခ်ိန္လည္း ကုန္ေစပါတယ္။

ဒီေန႔မွာေတာ့ App Download လုပ္စရာမလို၊ အခ်ိန္ကုန္ လူပင္ပန္းခံၿပီး Manual Edit လုပ္စရာမလိုတဲ့ Background Removal Free Online Tool ေလး တစ္ခု ထြက္ေပၚလာပါၿပီ။ အဆိုပါ Tool ေလးရဲ႕ နာမည္က Remove.bg ျဖစ္ၿပီး ထူးျခားခ်က္ကေတာ့ Background ေတြကို ဖယ္ရွားပစ္ဖို႔အတြက္ Artificial Intelligence လို႔ေခၚတဲ့ A.I. နည္းပညာနဲ႔ ေပါင္းစပ္ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဓာတ္ပုံထဲက Background ကို ကိုယ္က သီးသန္႔ျပဳျပင္ ဖယ္ရွားစရာမလိုဘဲ A.I. က အလိုအေလ်ာက္ ဖယ္ရွားေပးသြားမွာ ျဖစ္ပါတယ္။ ကိုယ္မႀကိဳက္တဲ့ Background ကို ဖယ္ရွားဖို႔အတြက္ အခ်ိန္ ၅စကၠန္႔ေလာက္သာ လိုအပ္ၿပီး ထြက္လာတဲ့ Image Result ေတြကလည္း ကြၽန္ေတာ္ စမ္းသုံးၾကည့္ရသေလာက္ဆိုရင္ ေတာ္ေတာ္ေလးကို ေက်နပ္အားရစရာေကာင္းပါတယ္။

အဆိုပါ Tool ေလးကို Remove.bg ဝက္ဆိုက္မွာ သြားေရာက္ အသုံးျပဳႏိုင္ၿပီး၊ အသုံးျပဳဖို႔အတြက္ အခေၾကးေငြ ေပးစရာ မလိုအပ္ပါဘူး။ ေလာေလာဆယ္ ေျပာတာပါ။ အသုံးျပဳသူ အေရအတြက္ မ်ားလာတယ္ဆိုရင္ အခေၾကးေငြ ေပးမွ သုံးလို႔ရမယ့္ အေနအထားကို ေရာက္ရွိလာႏိုင္ပါတယ္။

Remove.bg နဲ႔ပတ္သတ္ၿပီး သတိခ်ပ္စရာ ရွိတာက အဆိုပါ Tool ဟာ Portrait ဓာတ္ပုံေတြရဲ႕ Background ေတြကိုသာ ဖယ္ရွားေပးႏိုင္တာပါ။ ဒါ့အျပင္ A.I ကလည္း လူေတြရဲ႕ ပုံပန္းသ႑ာန္ကိုသာ အဓိကထားၿပီး ရွာေဖြတာျဖစ္တဲ့အတြက္ တိရိစာၦန္ပုံေတြ အသုံးျပဳမယ္ဆိုရင္ အက်ိဴးေရာက္သက္ေရာက္မႈ မရွိပါဘူး။ ေလာေလာဆယ္မွာ အျမင့္ဆုံး Pixels Size 500 x 500 ဓာတ္ပုံေတြကိုသာ Download ရယူႏိုင္တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဒီထက္ ပိုျမင့္တဲ့ Resolution နဲ႔ ဓာတ္ပုံေတြကို Download ျပဳလုပ္ႏိုင္မယ္လို႔ ေျပာၾကားထားပါတယ္။ Developer ေတြအေနနဲ႔ သူတို႔ရဲ႕ Website ဒါမွမဟုတ္ App ေတြမွာ အလြယ္တကူ ထည့္သြင္းအသုံးျပဳဖို႔အတြက္ API ကိုလည္း မၾကာခင္မွာ ျဖန္႔ခ်ီေပးသြားမယ္လို႔ သိရပါတယ္။

Remove.bg Official Website

Ref : gadgets.ndtv

[Unicode]

နောက်ခံ Background ကို စက္ကန့်ပိုင်းအတွင်း Photoshop မလိုဘဲ A.I နည်းပညာနဲ့ ဖယ်ရှားပေးနိုင်မယ့် Free Online Tool

ဓာတ်ပုံ တစ်ပုံရဲ့ နောက်ခံ Background တွေကို မကြိုက်လို့ ဖြစ်စေ၊ မလှလို့ ဖြစ်စေ ဖယ်ရှားချင်ရင် တော်တော်လေးကို အလုပ်ရှုပ်ပါတယ်။ အခုနောက်ပိုင်း Photo Editing Application တွေက အဆင်မြင့်လာပြီဆိုပေမယ့် Background ဖယ်ရှားချင်ရင် Manual လုပ်ရတာမျိူးတွေက အလုပ်ရှုပ်သလို အချိန်လည်း ကုန်စေပါတယ်။

ဒီနေ့မှာတော့ App Download လုပ်စရာမလို၊ အချိန်ကုန် လူပင်ပန်းခံပြီး Manual Edit လုပ်စရာမလိုတဲ့ Background Removal Free Online Tool လေး တစ်ခု ထွက်ပေါ်လာပါပြီ။ အဆိုပါ Tool လေးရဲ့ နာမည်က Remove.bg ဖြစ်ပြီး ထူးခြားချက်ကတော့ Background တွေကို ဖယ်ရှားပစ်ဖို့အတွက် Artificial Intelligence လို့ခေါ်တဲ့ A.I. နည်းပညာနဲ့ ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံထဲက Background ကို ကိုယ်က သီးသန့်ပြုပြင် ဖယ်ရှားစရာမလိုဘဲ A.I. က အလိုအလျောက် ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ Background ကို ဖယ်ရှားဖို့အတွက် အချိန် ၅စက္ကန့်လောက်သာ လိုအပ်ပြီး ထွက်လာတဲ့ Image Result တွေကလည်း ကျွန်တော် စမ်းသုံးကြည့်ရသလောက်ဆိုရင် တော်တော်လေးကို ကျေနပ်အားရစရာကောင်းပါတယ်။

အဆိုပါ Tool လေးကို Remove.bg ဝက်ဆိုက်မှာ သွားရောက် အသုံးပြုနိုင်ပြီး၊ အသုံးပြုဖို့အတွက် အခကြေးငွေး ပေးစရာ မလိုအပ်ပါဘူး။ လောလောဆယ် ပြောတာပါ။ အသုံးပြုသူ အရေအတွက် များလာတယ်ဆိုရင် အခကြေးငွေ ပေးမှ သုံးလို့ရမယ့် အနေအထားကို ရောက်ရှိလာနိုင်ပါတယ်။

Remove.bg နဲ့ပတ်သတ်ပြီး သတိချပ်စရာ ရှိတာက အဆိုပါ Tool ဟာ Portrait ဓာတ်ပုံတွေရဲ့ Background တွေကိုသာ ဖယ်ရှားပေးနိုင်တာပါ။ ဒါ့အပြင် A.I ကလည်း လူတွေရဲ့ ပုံပန်းသဏ္ဍာန်ကိုသာ အဓိကထားပြီး ရှာဖွေတာဖြစ်တဲ့အတွက် တိရိစ္ဆာန်ပုံတွေ အသုံးပြုမယ်ဆိုရင် အကျိူးရောက်သက်ရောက်မှု မရှိပါဘူး။ လောလောဆယ်မှာ အမြင့်ဆုံး Pixels Size 500 x 500 ဓာတ်ပုံတွေကိုသာ Download ရယူနိုင်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီထက် ပိုမြင့်တဲ့ Resolution နဲ့ ဓာတ်ပုံတွေကို Download ပြုလုပ်နိုင်မယ်လို့ ပြောကြားထားပါတယ်။ Developer တွေအနေနဲ့ သူတို့ရဲ့ Website ဒါမှမဟုတ် App တွေမှာ အလွယ်တကူ ထည့်သွင်းအသုံးပြုဖို့အတွက် API ကိုလည်း မကြာခင်မှာ ဖြန့်ချီပေးသွားမယ်လို့ သိရပါတယ်။

Remove.bg Official Website

Ref : gadgets.ndtv