Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Device ၂ ခုကို တစ်ချိန်ထဲမှာ အားသွင်းနိုင်တဲ့ Wireless Charger Duo ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Samsung ကနေ Device ၃ ခုအထိ အားသွင်းနိုင်တဲ့ Wireless Charger အသစ်ကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

အဆိုပါ Wireless Charger ကို Wireless Charger Pad Trio လို့ နာမည်ပေးထားပြီးတော့ USB-C Port အပြင် Fast Charging Support ပြုလုပ်တဲ့ USB-C Power Adapter ပါ ပါဝင်လာမှာဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့ကတော့ ဖုန်း ၂ လုံးအတွက် Wireless Charging Pad နဲ့ Smartwatch တွေအတွက် Charging Pad တစ်ခုပါဝင်မှာပါ။

Samsung Wireless Charger Trio ဟာ အမြင့်ဆုံး 15W Wireless Charging ကိုပဲ Support ပြုလုပ်သွားမှာဖြစ်ပြီးတခြားသော OnePlus ၊ Xiaomi နဲ့ Huawei လိုမျိုး ပိုမိုမြန်ဆန်တဲ့ Fast Wireless Charging ကိုတော့ Support ပြုလုပ်မှာမဟုတ်ပါဘူး။ လက်ရှိထွက်ရှိလာတဲ့ ဓါတ်ပုံတွေအရတော့ အမည်းရောင်နဲ့ မိတ်ဆက်သွားမှာဖြစ်ပြီး အဖြူရောင်ကိုပါ မိတ်ဆက်လာနိုင်ပါတယ်။

Samsung အနေနဲ့ အခု Wireless Charger Trio ရဲ့ စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ Galaxy Z Fold 2 စမတ်ဖုန်းကို ရောင်းချမယ့်အချိန်ဝန်းကျင်မှာ တရားဝင်ရောင်းချလာနိုင်ပါတယ်။

Ref – Gizmo China