Zawgyi

၂၀၁၈ ဟာ မ်က္ႏွာျပင္ ေျခာက္လက္မ ဖုန္းေတြရဲ႕ေခတ္ပါ။ ဘယ္ Flagship မဆို ေျခာက္လက္မ ေက်ာ္ေက်ာ္ Notch Display ေတြနဲ႔ ပြဲထုတ္ေနတဲ့ေခတ္ျဖစ္ပါတယ္။ တစ္ခ်ိဳ႕လူေတြဆိုရင္ ေျခာက္လက္မ မ်က္ႏွာျပင္ကိုေတာင္ အားမရေတာ့ပဲ ပိုမိုၾကီးမားတဲ့ မ်က္ႏွာျပင္အရြယ္အစား အသံုးျပဳလိုၾကတဲ့အတြက္ Mi Max 3 တို႔ Huawei Y Max တို႔လို မ်က္ႏွာျပင္ ခုနစ္လက္မဖုန္းေတြေပၚလာပါတယ္။ Apple ေတာင္မွ iPhone XS Max လို အရြယ္အစားၾကီးမားတဲ့ ဖုန္းေတြထုတ္ေနတဲ့ အခ်ိန္မွာ က်စ္က်စ္လစ္လစ္နဲ႔ လက္တစ္ဖက္တည္းသံုးလို႔ရတဲ့ ဖုန္းေတြက အေတာ္ေလးကိုရွားလာပါတယ္။ ဒါေပမယ့္ Sony ကေတာ့ ဒီအခ်က္ကိုေသခ်ာနားလည္သေဘာေပါက္ထားျပီး သူ႔ရဲ႕ Compact ဗားရွင္းလို႔ေခၚတဲ့ အရြယ္အစားေသး Flagship ဖုန္းေတြကိုျပန္ထုတ္ေနပါျပီ။

အခုေပါက္ၾကားလာတဲ့ ပံုရိပ္ေတြကေတာ့ Xperia XZ4 Compact ရဲ႕ ပံုရိပ္ေတြျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ XZ4 ရဲ႕ပံုရိပ္ေတြ ေပါက္ၾကားထားပါေသးတယ္။ အခုထြက္ေပၚလာတဲ့ XZ4 Compact ဟာ မ်က္ႏွာျပင္ ငါးလက္မရွိတာေၾကာင့္ ေျခာက္လက္မခြဲ ရွိတဲ့ XZ4 ရဲ႕ မ်က္ႏွာျပင္ထက္ အေတာ္ေလးေသးတယ္လို႔ ဆိုႏိုင္ပါတယ္။ Bezel ေတြကလည္း အေတာ္ေလးထူျပီး အေနာက္ဘက္မွာလည္း Single Camera တစ္လံုးကိုသာေတြ႔ရပါတယ္။ ထြက္ေပၚလာတဲ့ ပံုရိပ္ေတြအရ ကင္မရာနဲ႔ မ်က္ႏွာျပင္ အရြယ္အစားေတြကိုသိရေပမယ့္ က်န္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ သိရျခင္းမရွိေသးပါဘူး။

ေကာလဟလေတြအရေတာ့ XZ4 Compact မွာ နားက်ပ္ေပါက္ျပန္ထည့္ေပးထားမွာျဖစ္ျပီး အေရွ႕ဘက္ မ်က္ႏွာမူထားတဲ့ စတီရီယို စပီကာေတြ ထည့္သြင္းေပးထားမယ္လို႔လည္း သိရပါတယ္။ ဖုန္းအထူကေတာ့ 9.3mm ေတာင္ရွိတာမို႔ မ်က္ႏွာျပင္ ငါးလက္မအရြယ္ ဖုန္းတစ္လံုးအတြက္ အေတာ္ေလး ထူတယ္လို႔ ဆိုႏိုင္ပါတယ္။ XZ4 Compact နဲ႔ပက္သက္တဲ့ သတင္းေတြထပ္ျပီး ထြက္ေပၚလာရင္လည္း အခ်ိန္နဲ႔ တစ္ေျပးညီ တင္ေပးသြားပါမယ္ ခင္ဗ်ာ။

Ref: XDA

Unicode

၂၀၁၈ ဟာ မျက်နှာပြင် ခြောက်လက်မ ဖုန်းတွေရဲ့ခေတ်ပါ။ ဘယ် Flagship မဆို ခြောက်လက်မ ကျော်ကျော် Notch Display တွေနဲ့ ပွဲထုတ်နေတဲ့ခေတ်ဖြစ်ပါတယ်။ တစ်ချို့လူတွေဆိုရင် ခြောက်လက်မ မျက်နှာပြင်ကိုတောင် အားမရတော့ပဲ ပိုမိုကြီးမားတဲ့ မျက်နှာပြင်အရွယ်အစား အသုံးပြုလိုကြတဲ့အတွက် Mi Max 3 တို့ Huawei Y Max တို့လို မျက်နှာပြင် ခုနစ်လက်မဖုန်းတွေပေါ်လာပါတယ်။ Apple တောင်မှ iPhone XS Max လို အရွယ်အစားကြီးမားတဲ့ ဖုန်းတွေထုတ်နေတဲ့ အချိန်မှာ ကျစ်ကျစ်လစ်လစ်နဲ့ လက်တစ်ဖက်တည်းသုံးလို့ရတဲ့ ဖုန်းတွေက အတော်လေးကိုရှားလာပါတယ်။ ဒါပေမယ့် Sony ကတော့ ဒီအချက်ကိုသေချာနားလည်သဘောပေါက်ထားပြီး သူ့ရဲ့ Compact ဗားရှင်းလို့ခေါ်တဲ့ အရွယ်အစားသေး Flagship ဖုန်းတွေကိုပြန်ထုတ်နေပါပြီ။

အခုပေါက်ကြားလာတဲ့ ပုံရိပ်တွေကတော့ Xperia XZ4 Compact ရဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ မကြာသေးခင်ကပဲ XZ4 ရဲ့ပုံရိပ်တွေ ပေါက်ကြားထားပါသေးတယ်။ အခုထွက်ပေါ်လာတဲ့ XZ4 Compact ဟာ မျက်နှာပြင် ငါးလက်မရှိတာကြောင့် ခြောက်လက်မခွဲ ရှိတဲ့ XZ4 ရဲ့ မျက်နှာပြင်ထက် အတော်လေးသေးတယ်လို့ ဆိုနိုင်ပါတယ်။ Bezel တွေကလည်း အတော်လေးထူပြီး အနောက်ဘက်မှာလည်း Single Camera တစ်လုံးကိုသာတွေ့ရပါတယ်။ ထွက်ပေါ်လာတဲ့ ပုံရိပ်တွေအရ ကင်မရာနဲ့ မျက်နှာပြင် အရွယ်အစားတွေကိုသိရပေမယ့် ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သိရခြင်းမရှိသေးပါဘူး။

ကောလဟလတွေအရတော့ XZ4 Compact မှာ နားကျပ်ပေါက်ပြန်ထည့်ပေးထားမှာဖြစ်ပြီး အရှေ့ဘက် မျက်နှာမူထားတဲ့ စတီရီယို စပီကာတွေ ထည့်သွင်းပေးထားမယ်လို့လည်း သိရပါတယ်။ ဖုန်းအထူကတော့ 9.3mm တောင်ရှိတာမို့ မျက်နှာပြင် ငါးလက်မအရွယ် ဖုန်းတစ်လုံးအတွက် အတော်လေး ထူတယ်လို့ ဆိုနိုင်ပါတယ်။ XZ4 Compact နဲ့ပက်သက်တဲ့ သတင်းတွေထပ်ပြီး ထွက်ပေါ်လာရင်လည်း အချိန်နဲ့ တစ်ပြေးညီ တင်ပေးသွားပါမယ် ခင်ဗျာ။

Ref: XDA