Motorola က အရွယ်ကြီး 5,000mAh ဘက်ထရီ ၊  Snapdragon 655 နဲ့ ၆.၄ လက်မ မျက်နှာပြင်ပါတဲ့ G8 Power ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပါတယ်။ အခုတော့ G8 Power ရဲ့ Lite Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ Lite Version ရဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။

Roland Quandt က အဲဒီ ဓါတ်ပုံတွေကို မျှဝေလိုက်တာ ဖြစ်ပြီး ဒါဟာ Moto G8 Power Lite ဖြစ်မယ်လို့ Quandt က ပြောပါတယ်။ G8 Power မှာ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး G8 Power Lite မှာတော့ ၃ လုံးပဲပါလာတာတွေ့ရပါတယ်။

ဓါတ်ပုံတွေအရ Lite Version ရဲ့  မျက်နှာပြင် အထက် ဘယ်ဘက်မှာ Punch-hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်က Moto Logo မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားမယ်လို့ ထင်ရပါတယ်။ အရင်သတင်းတွေအရ Moto G8 Power Lite မှာ MediaTek Helio P35 Chipset မောင်းနှင်ထားပြီး G8 Power မှာလို အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ ပရော်ဆက်ဆာ အပိုင်းမှာ G8 Power Lite ဟာ G8 Power ထက် ပိုကောင်းလာနိုင်ပါတယ်။

Ref : gsmarena