မနေ့ကပဲ realme 7i ရဲ့ ဓါတ်ပုံနဲ့ Specs တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒီနေ့လည်း အဲဒီ ဖုန်းရဲ့ ဘက်ပေါင်းစုံကို ပြသထားတဲ့ ဓါတ်ပုံတွေ အင်ဒိုနီးရှား Lazada ဝက်ဘ်ဆိုက်ကနေ ထွက်လာတဲ့အတွက် ဖုန်း ဒီဇိုင်းကို အသေးစိတ် လေ့လာနိုင်ပါပြီ။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို L ပုံစံ တပ်ဆင်ထားပြီး မျက်နှာပြင် ဘယ်ဘက်အထက်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Lazada မှာ Jade နဲ့ Champagne အရောင် ၂ မျိုးကို စာရင်းတင်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် အရောင်တွေနဲ့ နာမည်တွေ မကိုက်ဘဲ ဖြစ်နေပါတယ်။

Lazada က Green ကို Champagne ၊ Blue ကို Jade နာမည်နဲ့ စာရင်းတင်ထားပါတယ်။ အဲဒီ နာမည်တွေဟာ အတည်မဟုတ်သေးဘူးလို့ ထင်ပါတယ်။ အဓိကကျတဲ့ Specs အကြောင်းကိုပဲ ပြောပြချင်ပါတယ်။ Lazada က realme 7i မှာ 64MP Main ကင်မရာ ၊ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 90Hz Refresh Rate တွေ ပါမယ်လို့ စာရင်းတင်ထားပါတယ်။

Lazada မှာ စာရင်း မတင်ထားတာက ရောင်းချမယ့် နေ့ ဖြစ်ပါတယ်။ ဒီလ ၁၇ ရက်နေ့မှာ တရားဝင် ကြေညာမှာ ဖြစ်တဲ့အတွက် သတင်းအချက်အလက် အပြည့်အစုံကို သိရဖို့ သိပ်မလိုတော့ပါဘူး။

Ref : gsmarena