[Unicode]

LG ဟာ မိုလ်ဘိုင်းဌာနရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့ စမတ်ဖုန်းဈေးကွက်မှာ အထိအခိုက်မရှိဘဲ ကျန်ရစ်ဖို့ဆိုတာကတော့ ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် LG ကတော့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် စတင်နေပြီလို့ ပြောနိုင်ပါတယ်။ တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးဟာ LG စမတ်ဖုန်း Lineup တွေကို စတင်ပြီး ပြောင်းလဲနေတာကို တွေ့မြင်နေရပါပြီ။ ပထမဆုံးအနေနဲ့ မြင်တွေ့ရတာကတော့ Budget အမျိုးအစားသစ် နှစ်မျိုးပဲ ဖြစ်ပါတယ်။

LG ရဲ့ ပြောင်းလဲမှုခြေလှမ်းသစ်ကို ဖော်ဆောင်ပေးမယ့် ဒီ Budget အမျိုးအစား စမတ်ဖုန်းနှစ်မျိုးကို နာမည်ကျော် Leakster ဖြစ်တဲ့ Evan Blass က တွစ်တာမှာ ထုတ်ဖော်ပြသခဲ့တာပါ။ LG L555DL နဲ့ L455DL ဆိုတဲ့မော်ဒယ်နံပါတ်တွေနဲ့အတူ စမတ်ဖုန်းနှစ်လုံးရဲ့ Render ရုပ်ပုံတွေကိုပါ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရုပ်ပုံတွေအရတော့ မျက်နှာပြင်မှာ မတူညီတဲ့ Waterdrop notch ကိုယ်စီနဲ့အတူ Selfie ကင်မရာတစ်လုံးစီ တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ Android 9 ကိုအခြေခံထားတဲ့ LG ရဲ့ UX 8.0 မောင်းနှင်ထားတဲ့ပုံစံပဲ ဆိုနိုင်ပါတယ်။ ဒီစမတ်ဖုန်းနှစ်မျိုးဟာ LG ရဲ့ Journey နဲ့ Solo လိုင်းတွေအတွက် အဆင့်မြှင့်တင်ပြီးထုတ်လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

အခုလောလောဆယ်တော့ LG ရဲ့ ဒီ Budget ဖုန်းနှစ်မျိုးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ ဒီစမတ်ဖုန်းတွေဟာ အမေရိကန် Prepaid carrier Tracfone နဲ့ချိတ်ဆက်ပြီး ရောင်းချလာဖွယ်လည်း ရှိနေပါတယ်။

Ref: GSM Arena

[Zawgyi]

LG ရဲ႕ Budget အမ်ိဳးအစား စမတ္ဖုန္းႏွစ္မ်ိဳး Render ပုံမ်ား ထြက္ေပၚလာ

LG ဟာ မိုလ္ဘိုင္းဌာနရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးမယ္လို႔ ကတိျပဳခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ၿပိဳင္ဆိုင္မႈျပင္းထန္လြန္းတဲ့ စမတ္ဖုန္းေဈးကြက္မွာ အထိအခိုက္မရွိဘဲ က်န္ရစ္ဖို႔ဆိုတာကေတာ့ ခက္ခဲတဲ့ လုပ္ငန္းစဥ္တစ္ခုပဲ ျဖစ္ပါလိမ့္မယ္။

ဘယ္လိုပဲျဖစ္ျဖစ္ LG ကေတာ့ သူတို႔ရဲ႕ ျပဳျပင္ေျပာင္းလဲမႈကို အမွန္တကယ္ စတင္ေနၿပီလို႔ ေျပာႏိုင္ပါတယ္။ ေတာင္ကိုရီးယားရဲ႕ နည္းပညာကုမၸဏီႀကီးဟာ LG စမတ္ဖုန္း Lineup ေတြကို စတင္ၿပီး ေျပာင္းလဲေနတာကို ေတြ႕ျမင္ေနရပါၿပီ။ ပထမဆုံးအေနနဲ႔ ျမင္ေတြ႕ရတာကေတာ့ Budget အမ်ိဳးအစားသစ္ ႏွစ္မ်ိဳးပဲ ျဖစ္ပါတယ္။

LG ရဲ႕ ေျပာင္းလဲမႈေျခလွမ္းသစ္ကို ေဖာ္ေဆာင္ေပးမယ့္ ဒီ Budget အမ်ိဳးအစား စမတ္ဖုန္းႏွစ္မ်ိဳးကို နာမည္ေက်ာ္ Leakster ျဖစ္တဲ့ Evan Blass က တြစ္တာမွာ ထုတ္ေဖာ္ျပသခဲ့တာပါ။ LG L555DL နဲ႔ L455DL ဆိုတဲ့ေမာ္ဒယ္နံပါတ္ေတြနဲ႔အတူ စမတ္ဖုန္းႏွစ္လုံးရဲ႕ Render ႐ုပ္ပုံေတြကိုပါ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

႐ုပ္ပုံေတြအရေတာ့ မ်က္ႏွာျပင္မွာ မတူညီတဲ့ Waterdrop notch ကိုယ္စီနဲ႔အတူ Selfie ကင္မရာတစ္လုံးစီ တပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။ Android 9 ကိုအေျခခံထားတဲ့ LG ရဲ႕ UX 8.0 ေမာင္းႏွင္ထားတဲ့ပုံစံပဲ ဆိုႏိုင္ပါတယ္။ ဒီစမတ္ဖုန္းႏွစ္မ်ိဳးဟာ LG ရဲ႕ Journey နဲ႔ Solo လိုင္းေတြအတြက္ အဆင့္ျမႇင့္တင္ၿပီးထုတ္လုပ္လိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။

အခုေလာေလာဆယ္ေတာ့ LG ရဲ႕ ဒီ Budget ဖုန္းႏွစ္မ်ိဳးနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကို မသိရေသးပါဘူး။ ဒီစမတ္ဖုန္းေတြဟာ အေမရိကန္ Prepaid carrier Tracfone နဲ႔ခ်ိတ္ဆက္ၿပီး ေရာင္းခ်လာဖြယ္လည္း ရွိေနပါတယ္။

Ref: GSM Arena